ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ လာမည့်ရက်များတွင် မိုးသည်းထန်စွာ…

မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၂၅ ရက်မှစ၍လာမည့်ရက်များအတွင်း

မိုးရွာသွန်းနိုင်မည့်အခြေ အနေများနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၄ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ခန့်မှန်းချက်အရ နိုဝင်ဘာ ၂၅ ရက် မှစ၍ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ကရင်ပြည်နယ်၊

မွန်ပြည်နယ်၊ပဲခူးတိုင်း၊ရှမ်းပြည် နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု သိရသည်။

တနင်္သာရီတိုင်းတွင်လည်း နိုဝင်ဘာ ၂၅ ရက်မှစ၍ နေရာကွက်၍မိုးကြီးနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း

တစ်နာရီလျင် မိုင်(၃၀)မှ(၃၅)မိုင်အထိ တိုက်ခတ်နိုင်သည့် မိုးသက်လေပြင်းများကျရောက်၍လှိုင်းအမြင့်မှာ (၇)ပေမှ(၉)ပေခန့်အထိရှိနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *