လမ်းဖြတ်ကူးသူကိုတို က်မိပြီးထွက်ပြေးသွားသောယာဥ်နှင့်ယာဥ်မောင်းကိုစုံ…

အမှုဖြစ်စဥ်မှာ ၁၂.၁၁.၂၀၂၂ရက်မွန်းလွဲ၂နာရီ၄၅မိနစ်အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ (လှော်ကားဘက်မှ ရွှေပြည်သာဘက်သို့)

ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ်/အမျိုးအစား(စုံစမ်းဆဲ) ယာဉ်သည်

ကျောင်းလမ်းမှတ်တိုင်အနီးအရောက် အရှိန် မထိန်းနိုင်ဘဲ အရှေ့မှအနောက်သို့ ( ဇီးကုန်းရပ်ကွက်ဘက်မှ စက်မှုဇုန်ဘက်သို့)လမ်းကူးသူ ဦးမြလှိုင်၊ (၆၃)နှစ်၊ ဈေးရောင်း၊

ပန်းခြံစုကျောင်းလမ်း၊ ဇီးကုန်းရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူအားတိုက်မိပြီး အခင်းဖြစ်နေရာတွင် ယာဉ်အား ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်။

လမ်းကူးသူ ဦးမြလှိုင်တွင် ဝဲနားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ ဝဲပါးပွန်း၊ ဝဲ/ယာဒူးပွန်းစုတ်(သတိမရ)ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံကြီးတွင်

အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသရသောကြောင့် ယာဉ်အားပေါ့ဆစွာမောင်းနှင်
ပြီးယာဉ်တိုက်မှုဖြစ်ပွားကာ အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်အမှတ် အမျိုးအစား(စုံစမ်းဆဲ)

ယာဉ်မောင်း (စုံစမ်းဆဲ)အား အရေးယူပေးပါရန်တရားလိုပြုလုပ် တိုင်တန်းခဲ့ရာရွှေပြည်သာမြို့မရဲစခန်းယာဉ်(ပ)၁၃/၂၀၂၂၊

ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ပြီးအမှုစစ် မှဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *