လူတွေကိုပျော်ရွင်အောင်လုပ်ပေးကာ သားလေးအတွက် ထမင်းတစ်နပ်ရရှိအောင် ပိုက်ဆံလိုက်တောင်းနေရသည့

လူတိုင်းအတွက် ပျော်ရွင်မှုတွေကို ဖန်တီးပေးနေရသော လူတို့သည် ပျော်ရွင်ချမ်းမြေ့ဖွယ်ဘဝလေးကို ပိုင်ဆိုင်ထားကြသည်မဟုတ်ပေ။
ဘဝ၏စားဝတ်နေရေးကို ပြေလည်စေရန်အတွက် အခက်အခဲများကြားမှ လူတိုင်းကိုပျော်ရွင်အောင်လုပ်ပေးနေကြရတာဖြစ်ပါတယ်။
ယခုတွင်လည်း အမျိုးသားတစ်ဦးသည် သားငယ်လေးကိုပွေ့ချီပြီး လူအများကို ပျော်ရွင်ရယ်မောနေစေရန် လမ်းဘေးတစ်လျှောက်တွင် ဖျော်ဖြေတင်ဆက်ရင်း ပိုက်ဆံရှာနေရပါတယ်။
နေစရာမရှိစားစရာမရှိသည့်ဘဝတွင် သားလေးအတွက် ထမင်းတစ်နပ်ဖိုးလောက်ရရှိစေရန် ကားတွန်းရုပ်မျက်နှာဖုံးလေးဖြင့် ဘဝ၏ပင်ပန်းခက်ခဲမှုတွေကို ဖုံးကွယ်ရင်း ပျော်တော်ဆက်နေခဲ့ရတာဖြစ်ပါတယ်။
ပင်ပန်းလှသော ဘဝအခြေအနေမှ သားလေးကိုဂရုစိုက်နေရှာသော ဖခင်၏မေတ္တာသည် လောကတွင်အကြီးမားဆုံးသော အရာပင်ဖြစ်ပေသည်။
Shoon (Cele Daily)