အဖွားဖြစ်သူက အဝတ်ရုတ်ခိုင်းသည်ကို စိတ်ဆိုးပြီးအဖွားကို တု တ် နှင့် ရို က် သ တ် သေ ာ မြေး…

အဖွားဖြစ်သူက အဝတ်ရုတ်ခိုင်းသည်ကို စိတ်ဆိုးပြီးအဖွားကို တု တ် နှင့် ရို က် သ တ် သေ ာ မြေး…

အမှုဖြစ်စဥ်မှာ ၁၅.၁၁.၂၀၂၂ရက်ည၇နာရီခွဲအချိန်ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊ထန်းတပင်မြို့နယ်၊တက်သစ်နယ်မြေရဲစခန်းတွင်ရဲအုပ်…စခန်းမှုးတာဝန်ထမ်းဆောင်နေစဥ်ဦးတင်အောင်မိုး(၅၃)နှစ်၊ဆိုင်ကယ်ကယ်ရီမောင်း၊

ပေါက်တန်းကျေးရွာ၊ထန်းတပင်မြို့နယ်နေသူက၎င်းသည် ၁၅.၁၁.၂၀၂၂ရက်ညနေ၅နာရီခွဲအချိန်ပေါက်တန်း ကျေးရွာထိပ်မှ သပြေခြံကျေးရွာသို့ ဆိုင်ကယ်ကယ်ရီလိုက်ပို့နေစဉ် ဦးတင်အောင်မိုး၏ နေအိမ် ရှေ့မျက်နှာချင်းဆိုင်အိမ်တွင်နေထိုင်သော ဦးချစ်စန်းအောင်(၄၃)နှစ်၊ ဈေးရောင်း၊

ပေါက်တန်းကျေးရွာ၊ ထန်းတပင်မြို့နယ်နေသူမှ ဖုန်းဖြင့်ဆက်သွယ်၍ ဦးတင်အောင်မိုး၏နေအိမ်၌ တစ်အိမ်တည်းအတူနေ ဦးတင်အောင်မိုး၏ ယောက်ခမဖြစ်သူ ဒေါ်မြင့်မြင့်၊ (၇၄)နှစ်၊ မှီခို၊ပေါက်တန်းကျေးရွာ၊ ထန်းတပင်မြို့ နယ်နေသူမှ ဦးတင်အောင်မိုး၏သားဖြစ်သူကောင်းထက်စံ(၂၅)နှစ်၊ မှီခို၊ပေါက်တန်းကျေးရွာ၊

ထန်းတပင်မြို့နယ်နေသူအား အော်ဟစ်ဆဲဆိုပြီး နေအိမ်ရှေ့တွင် လှန်းထား သော ကောင်းထက်စံ၏အဝတ်အစားများအား ရုတ်ခိုင်းသည်ကို ကောင်းထက်စံမှ မကျေမနပ် ဖြစ်ပြီး အဖွားဖြစ်သူ ဒေါ်မြင့်မြင့်၏ဦးခေါင်းအား

သစ်သားတုတ်ဖြင့် ရိုက်နှက်လိုက်သဖြင့်ပစ်လဲကျနေကြောင်း၊ ကောင်းထက်စံမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း
ပြောပြချက်အရသိရသည်။

ဦးတင်အောင်မိုးကနေအိမ်သို့ပြန်လာပြီး ကြည့်ရှုခဲ့ရာ ယောက်ခမဖြစ်သူ ဒေါ်မြင့်မြင့်မှာ နေအိမ်နောက်ဖေးမီးဖိုချောင်အနီးတွင် ပက်လက်အနေအထားလဲကျနေပြီး ဦးခေါင်းနောက်စေ့မှ သွေးများထွက်ကာ သေဆုံးနေကြောင်းတွေ့ရှိရသဖြင့်

ယောက်ခမဖြစ်သူ ဒေါ်မြင့်မြင့်အား သေဆုံး အောင် သစ်သားတုတ်နှင့်ရိုက်နှက်ခဲ့သူ ကောင်းထက်စံအားဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာတက်သစ်နယ်မြေရဲစခန်း(ပ)၇၉/၂၀၂ အမှုကြီး(အမှတ်၁၅/၂၀၂၂)ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ

အမှုရေးဖွင့်ကာအမှုစစ်မှတရားလိုနှင့်သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ် စစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ သေဆုံးသူ ဒေါ်မြင့်မြင့်မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(၁)ချက်၊

ဦးခေါင်းငယ်ထိပ် ပေါက်ပြဲဒဏ်ရာ (၁)ချက်တို့ရရှိထားသဖြင့် ရဲဆေးစာဖြင့် လှိုင်သာယာဆေးရုံသို့ ပို့အပ်ခဲ့ရာ မှPR 01 ဖြင့် လက်ခံစစ်ဆေးလျက်ရှိပြီး သက်သေခံ ပစ္စည်းဖြစ်သည့် အရှည်(၁၈)လက်မခန့်ရှိ (၃ × ၁.၅) လက်မ အရွယ်အစားသစ်သားတုတ်ချောင်းအား သိမ်းဆည်း ထားရှိခြင်း၊

ကောင်းထက်စံအား အမှုဖြင့်ဖမ်းဆီးကာဖြောင့်ချက်ရယူရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် အမှုအား ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။

ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Credit

Leave a Reply

Your email address will not be published. Required fields are marked *