ခွေးက‌ဟောင်ပြီး လိုက်ကိုက်သောကြောင့် ခွေးကို ပြန်ရိုက်နှက်သူအား ခွေးပိုင်ရှင်က ဓ ားနှင့်ခ…

ခွေးက‌ဟောင်ပြီး လိုက်ကိုက်သောကြောင့် ခွေးကို ပြန်ရိုက်နှက်သူအား ခွေးပိုင်ရှင်က ဓ ားနှင့်ခ…

အမှုဖြစ်စဥ်မှာ ၈..၁၁..၂၀၂၂ရက်ည၁၂နာရီအချိန်ခန့်ကဒေါ်မိုးဦးသွယ်(ခ)မိသွယ်၊ (၂၉)နှစ်၊ ကျပန်း၊ ကုန်းဘောင်(၂)လမ်း၊

(၁၀၈)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူက၎င်းသည် နေအိမ်၌ ရှိနေစဉ် တူမဖြစ်သူ မနှင်းနှင်းလှိုင် ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ဦးဝင်းသန်း၊ (၃၉)နှစ်၊

ကျပန်း(လိပ်စာတူ)နေသူ ဓားခုတ်ခံရကြောင်း လာရောက်ပြောဆိုသဖြင့် ဒေါ်မိုးဦးသွယ်(ခ)မိသွယ်မှ သွားရောက်ကြည့်ရှုရာ ကုန်းဘောင်(၂)လမ်းထိပ်တွင် ခင်ပွန်းဖြစ်သူ အား

နဖူးအလယ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ နှုတ်ခမ်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ပခုံးပြတ်ရှ ဒဏ်ရာ(၁)ချက် ဓားခုတ်ဒဏ်ရာများဖြင့် တွေ့ရှိရကြောင်းသိရသည်။

မေးမြန်းရာ နေအိမ်ရှေ့လမ်းအတွင်း ပံ့သကူကောက်ပြီး နေအိမ်သို့ ပြန်လာစဉ် ဦးဟန်ရွှေ၏ နေအိမ်ရှေ့အရောက် ဦးဟန်ရွှေ၏ ခွေးမှ ဟောင်၍

လိုက်ကိုက်သောကြောင့် ခွေးအား ခြေထောက်ဖြင့် ကန်၍ ဝါးတုတ်ဖြင့် လိုက်လံ ရိုက်နှက်စဉ် ဦးဟန်ရွှေ၏ သားဖြစ်သူ လင်းလင်း၊ (၂၇)နှစ်၊ ကျပန်း၊ ကုန်းဘောင်(၂)လမ်း၊

(၁၀၈)ရပ်ကွက်ဒဂုံအရှေ့မြို့နယ်နေသူမှ အိမ်သုံး ဓားရှည်ဖြင့် ခုတ်ကြောင်း ပြောပြသိရှိရ၍ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါး ကုသမှုခံယူရန် ပို့အပ်ခဲ့ရာ

အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ဆေးဝါးကုသမှုခံယူနေရ၍ ဦးဝင်းသန်းအား နာကျင်ဒဏ်ရာများရရှိအောင် အိမ်သုံးဓားရှည်ဖြင့် ခုတ်သူ လင်းလင်းအား အရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ

ဒဂုံအရှေ့ပိုင်းမြို့မရဲစခန်း(ပ)၂၉၇/၂၀၂၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ပြီးအမှုစစ်မှဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed