ပုသိမ်ကြိုးတံတားအောက်မှာ ချစ်သူစုံတွဲကို သ ္တ်ပြီး လက်ဝတ်ရတနာ၊ ဖုန်းနဲ့ ဆိုင်ကယ် လုတဲ့သူ ၂ ဦးကို…

နိုဝင်ဘာ ၂၆

ပုသိမ်ကြိုးတံတားအောက်မှာစကားပြောနေတဲ့ ချစ်သူ စုံတွဲကိုသတ်ပြီး လက်ဝတ်ရတနာနဲ့ ဖုန်းတွေ လုယက်ခဲ့တဲ့ အမျိုးသား ၂ ဦးကို သေဒဏ်အမိန့်ချမှတ်လိုက် ကြောင်း တရားရုံးနဲ့ နီးစပ်တဲအသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ၊ ဇန်နဝါရီလ ၁၄ ရက်က ဧရာဝတီ တိုင်း ပုသိမ်မြို့ ပုသိမ် ကြိုးတံတား အောက်မှာ စကားပြောနေတဲ့ ချစ်သူစုံတွဲကို ဓားနဲ့ အချက်ပေါင်း များစွာ ထိုးခုတ်သတ်ဖြတ်ပြီး

ဝတ်ဆင် ထားတဲ့ ရွှေဆွဲကြိုး ၊ ရွှေလက် စွပ် ၊လက်ကိုင် ဖုန်း နဲ့ ဆိုင်ကယ်တွေလုယက်သွားတဲ့ ဖြစ်စဉ် ပြစ်မှုကျူးလွန်သူ အမျိုးသား ၂ ယောက်ကို သေဒဏ်ချမှတ်လိုက်ပြီး

လုယက်သွားတဲ့ ပစ္စည်းတွေ ရောင်းပေးတဲ့ အမျိုးသမီး ၁ ယောက်ကို လည်း ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ချစ်သူစုံတွဲကို သတ်ဖြတ်သွားတဲ့ အမျိုးသား ၂ ယောက် ဖြစ်တဲ့ ကျင်အောင်ထွေး အသက် ၂၃ နှစ် ၊

ချစ်မင်းသူ အသက် ၂၄ နှစ်နဲ့ လက်ဝတ်ရတနာတွေနဲ့ ပစ္စည်းတွေကို ရောင်းချပေးတဲ့ ကျင်အောင်ထွေးရဲ့ ဇနီး ထက်ထက်မိုးဦး ကို

ဖြစ်စဉ်ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာ ရဲတပ်ဖွဲ့ကဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းမိထားတဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားရုံးက အချိန် ၂ နှစ်နီးပါးအကြာ စစ်ဆေးကာ နိုဝင်ဘာ ၂၄ ရက်က ပြစ်မှုကျူးလွန်တဲ့ အမျိုးသား ၂ ယောက်ကို လုယက်မှုအတွက်

ထောင်ဒဏ် ၁၀ နှစ်နဲ့ အတူ လူသတ်မှု အတွက် သေဒဏ်၊ လုယက်သွားတဲ့ပစ္စည်းတွေ ကိုရောင်းချပေးတဲ့ အမျိုးသမီး ကို ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တာလို့သိရပါတယ်။

”တရားခံတွေကို နာရီပေါင်း ၁၄၀ အတွင်း ဖမ်းမိခဲ့တာ အမှုကို ၁ နှစ်နဲ့ ၁၀ လလောက် အထိ စစ်ဆေးပြီး အမိန့်ချမှတ်တာ ၊

တရားခံတွေကို လပွတ္တာမြို့နယ်မှာဖမ်းမိခဲ့ တာပါ ၊ ပုသိမ် တရားရုံးက အမိန့်ချမှတ်ခဲ့တာ။” လို့ တရားရုံးနဲ့ နီးစပ်သူကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကလည်း ပုသိမ်ခရိုင် တရားရုံးက ပုသိမ်မြို့ကမ်းနားလမ်းက အသက် ၇၅ နှစ်အရွယ်

အဖွားတစ်ဦးနေအိမ်ပေါ်တက်ရွှေဆွဲကြိုးလုယက်ပြီး လူကိုသတ်ခဲ့ တဲ့ အမျိုးသား ၁ယောက်ကိုသေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Myanmar Platform

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed