ဘူဒိုဇာ ၄ စီးဖြင့် အိမ်ခြေ ၅၀၀ ကျော် ဖျက်ဆီးခံရ၊ ရခိုင်တိုင်းရင်းသူ မခိုင်နှင်း ဝေနှင့် ၂ နှစ်အရွယ်သားငယ်ကို ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးကို တပ်ပိုင်မြေ ကျူး ကျော်သည်ဟုဆိုကာ စစ်တပ်က ဖျက်သိမ်း ခိုင်းထားရာမှ

ယနေ့ နံနက်ပိုင်းတွင် စံသမာဓိရပ်ကွက်ကို စစ်တပ်နှင့်ရဲ များက ဘူဒိုဇာ ၄ စီးဖြင့် ဝင်ရောက် ဖျက်ဆီးနေကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ စစ်သားနှင့်ရဲအင်အား ၂၀၀ ကျော်၊ အပြာ ရောင်ဝတ် လူမိုက် အင်အား ၁၀၀ ကျော်ဖြင့် စံသမာဓိရပ် ကွက် အတွင်းသို့ ဝင်ရောက်လာပြီး နေအိမ်များကို ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရ သည်။

“ဘူဒိုဇာ ၄ စီးနဲ့ ဝင်လာတာ။ ပျဉ်းမပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သိန်း ထွန်း ဦးဆောင်ပြီး ဝင်လာတာ။ လူနေ အိမ်တွေကို ဖျက်ဆီးတာ။ အပြာရောင် ဝတ် လူတွေကလည်း အပြာဝတ်စုံတွေနဲ့ တုတ်တွေ ဓားတွေနဲ့ ။ ဘယ်သူမှ အနားကပ်မခံဘူး။

အိမ်တွေကို မင်းတို့ဖျက်မလား၊ ငါတို့ဖျက်ရင် ဘာမှ ကျန်မှာ မဟုတ်ဘူးဆိုပြီး ဝင်ဖျက်တာပဲ။ အခု မနက်ကတည်းက ဖျက်နေတာ အခု ထက်ထိ ။ အိမ်ခြေ ၅၀၀ ကျော် ဖျက်သွားပြီ” ဟု ဒေသခံတစ်ဦးက ပြောဆို သည်။

နေအိမ်များကို စစ်တပ်နှင့်ရဲများက ဘူဒိုဇာများဖြင့် ဖျက်ဆီးနေရာတွင် ဓာတ်ပုံ ရိုက်သူတစ်ဦး၊ အိမ်ဖျက်သူများကို မေးခွန်းထုတ်ပြီး

အိမ်အဖျက်မခံသူ ရခိုင် တိုင်း ရင်းသူ မခိုင်နှင်းဝေနှင့် ၂ နှစ်အရွယ် သားကိုလည်း ရဲနှင့်စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဓာတ်ပုံလည်း အရိုက်မခံဘူး။ ဓာတ်ပုံရိုက်ရင်လည်း ဖမ်းတယ်။ အဲဒီမှာ အိမ် ဖျက်တဲ့သူတွေကို ဘယ်အဖွဲ့လဲလို့ မေးတော့ ဘယ်အဖွဲ့ကလဲ ဆိုတာ ဖြေဘူး။

အဲဒါကို သွားမေးတဲ့ ရခိုင်တိုင်းရင်းသူ မခိုင်နှင်းဝေနဲ့ သူ့သား ၂ နှစ်သားလေးကို ဖမ်းသွားတယ်။ ဓာတ်ပုံရိုက်တဲ့လူငယ်တစ်ဦး အဖမ်းခံရတယ်။

ကျနော်တို့ တွေမှာ သူတို့ ကိုယ့်အိမ်ကို ဖျက်နေတာကို ငုတ်တုတ်ထိုင်ကြည့်နေရတယ်။ ကိုယ့်မှာ ဘာမှလည်းမရှိတော့ ဘ၀တွေက ပျက်စီးကုန်ပြီ။

ကျနော်တို့ ဘ၀တွေ အသိုက်အမြုံတွေကို ဖျက်နေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်က ဖျက်ခိုင်းသည့် မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စုတွင် မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊

စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီ ရပ် ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက် ပါဝင်ပြီး အိမ်ခြေ ၁သောင်းနီးပါး၊ လူဦးရေ ၅ သောင်းနီးပါးနေထိုင်ကြသည်။

ဓာတ်ပုံ- ယခု မင်္ဂလာဒုံ စံသမာဓိရပ်ကွက်အတွင်းသို့ စစ်တပ်က ဘူဒိုဇာ ၄ စီးဖြင့် ဝင်ဖျက်နေစဉ်။

(လုံခြုံရေးအခက်အခဲကြောင့် ဓာတ်ပုံများ သေချာစွာ မရိုက်ကူးနိုင်သဖြင့် ပုံများ စွာ မရနိုင်သည်ကို နားလည်ခွင့်လွှတ်ပေးပါရန်)

KhitThit Media

Credit

Leave a Reply

Your email address will not be published. Required fields are marked *