အပြင်မှာ တကယ်ဖြစ်သွားခဲ့တာပါ…မိသားစုအတွက်အများကြီးဒုက္ခခံစွန့်လွှတ်ပေးခဲ့တဲ့ဖခင်တစ်ယောက်ရဲ့…

ဒီအဖြစ်အပျက်ကအပြင်မှာ တကယ်ဖြစ်သွားခဲ့တာပါ…မိသားစုအတွက်အများကြီးဒုက္ခခံစွန့်လွှတ်ပေးခဲ့တဲ့ဖခင်တစ်ယောက်ရဲ့နောက်ဆုံးမီးစာကုန်ရေခမ်းတဲ့
အချိန်လေးပေါ့…

သားနှစ်ယောက်မွေးထားခဲ့တယ်.ဇနီးသည်ကွယ်လွန်ခဲ့ပြီးအသက်အရွယ်အိုမင်းမစွမ်းဖခင်ကြီးဟာလေဖြတ်ပြီး

ကိုယ်မှာအရေပြားရောဂါစွဲကပ်ခဲ့တယ်….တစ်နေ့အိမ်မှာသား တစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲဖြစ်တော့ ဖခင်လူမမာကြီးကိုပွဲထုတ်ရမှာရှက်လို့ဆိုပြီး…အခန်းတစ်ခန်းထဲမှာချောင်ပိတ်ပြီးသော့ခတ်ထားကြတယ်

အလုပ်သမားကိုစောင့်ကြည့်ဖို့တာဝန်ပေးပြီး
သော့ကိုပါအပ်ခဲ့တယ်…မင်္ဂလာပွဲပြီးတော့ ဟန်းနီးမွန်းခရီးနှစ်လ၊သုံးလထွက်မယ်ဆိုပြီး ဖခင်ကိုအလုပ်သမားလက်ထဲမှာ စွန့်ပစ်ခဲ့တယ်….

တစ်ရက်အလုပ်သမားက ဖခင်လူမမာအတွက်
လိုအပ်တာ’တွေဝယ်ခြမ်းဖို့ အိမ်တံခါးသောခတ်ပြီး
ထွက်ခဲ့တယ်…မထင်မှတ်ပဲရုတ်တရက်လမ်းမှာ
မတော်တဆမှုတစ်ခုကြောင့်

အလုပ်သမားဟာ သေဆုံးသွားခဲ့ရတယ်…..
အိမ်တံခါးခတ်ခဲ့တော့သော့ဟာလည်းသူ့ဆီမှာ….
သုံးလကြာတော့…သားသမီးတွေခရီးကပြန်ရောက်လာတာပေါ့

အိမ်ရောက်တော့ တံခါးကသော့ခတ်လျက်သား..
ပတ်ဝန်းကျင်ကို‌ အလုပ်သမားနဲ့ပတ်သတ်ပြီး
မေးမြန်းတော့ဘာသတင်းမှမရနောက်ဆုံး အိမ်တံခါးကိုချိုးဖျက်ပြီးအထဲဝင်ပြီးဖခင်အခန်းကို
ဖွင့်လိုက်တဲ့အခါမှာပုံပါအတိုင်းအနံ့သက်ဆိုးတွေနဲ့ ပုတ်ပွပြီး အရိုးပေါ်အရေတင်

မြင်မကောင်းအောင်ဖြစ်နေတဲ့…မွေ့ယာပေါ်ကဖခင်ကြီးရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကို မြင်လိုက်ကြရတယ်…..😔

သားသမီးတွေအတွက် ပညာရေး၊စီးပွားရေး အလုံးစုံ ကို ဘဝနဲ့ရင်းပြီးကြိုးပမ်းပေးခဲ့တဲ့….ဖခင်ကြီးရဲ့ အသက်ဝိဉာဉ် ပြည်ဖုံးကားချတဲ့အချိန်ကအင်မတန်ကိုအထီးကျန်ခဲ့တယ်ကူမဲ့သူကယ်မဲ့သူမရှိပဲလောကကြီးကနှုတ်ဆက်ခဲ့ရတယ်…..

နာမကျန်းဖြစ်နေတဲ့မိဘတွေကို တန်ဖိုးထားကြစေလိုရန်ပညာပေးပိုစ့်လေးတစ်ခုအနေနဲ့ India media တစ်ခုကဖြစ်ရပ်မှန်အကြောင်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်….မိဘကိုတန်ဖိုးထားတတ်ကြပါစေ။

Credit Translater

Leave a Reply

Your email address will not be published. Required fields are marked *