အမျိုးသမီးငယ်တစ်ဦး သာကေတမြို့နယ်ရှိ ကမာကြည်တံတားပေါ်မှ ခုန်…

ဧရာဝတီတိုင်းမ်၊ နိုဝင်ဘာလ ၂၆ ရက်

ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ ကမာကြည်တံတားပေါ်မှ ယနေ့ နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းတွင် အမျိုး သမီးငယ်တစ်ဦး

ခုန်ချသတ်သေရန်ကြံစည်နေ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးခဲ့ရကြောင်း မြို့အခြေစိုက်ပရဟိတအသင်းများထံကသိရသည်။

အမျိုးသမီးငယ်တစ်ဦး ကမာကြည်တံတားပေါ်မှ ခုန်ချရန်ကြံစည်နေသည်ဟုမြို့ခံများမှအကြောင်းကြားလာသဖြင့်

ကယ်ဆယ်ရေးအဖွဲ့များမှသွားရောက်ကာ ယင်းကဲ့သို့မလုပ်ဆောင်ရေးထိန်းသိမ်းပြောဆိုဖျောင်းဖျခဲ့ရာ တားဆီးနိုင်ခဲ့သည်ဟုဆိုသည်။

“ဒီမနက် ကမာကြည်တံတား သာကေတဘက် တံတားပေါ်ကနေ အမျိုးသမီးငယ်တစ်ဦးခုန်ချဖို့ကြံစည်နေလို့ ကရုဏာကမ်းလက်အသင်း၊

မိုးစက်အသင်းနဲ့တခြားပရဟိတအသင်းတွေသွား ရောက်ပြီး ခုန်မချဖို့ ချော့မော့ဖျောင်းဖျပြီးတားဆီးပေးခဲ့တယ်။

သူဘေးကင်းပါတယ် “ဟု သာကေတမြို့နယ်အခြေ စိုက် ပရဟိတအသင်းတခု၏တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါအမျိူးသမီးငယ်မှာ ဘေးကင်းလျက်ရှိနေကြောင်းနှင့် ၎င်း၏ဂုဏ်သိက္ခာအရ အမည်၊နေရပ်၊

ယင်းကဲ့သို့လုပ်ဆောင်ရသည့်အကြောင်းရင်းအား ထုတ်ဖော်ပြောဆိုလိုခြင်းမရှိကြောင်း ၄င်းကဆက် ဆက်ပြောသည်။

မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးမှ “မနက်က အဲဒီကောင်မလေးက တံတားပေါ်ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်နေတာ။

ဝေ့လည်ဝေ့လည်နဲ့ နောက်တံတားလက်ရန်းမှာ ရပ်ပြီးတံတားအောက်ငုံ့ ကြည့်နေတာ။ မသင်္ကာတာနဲ့ ဒီနားလူကတွေနဲ့ ပရဟိတအဖွဲ့တွေဆီ ဖုန်းဆက်လိုက်ကြတာ”ဟု ဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က အဆိုပါ သာကေတ ကမာကြည်တံတားပေါ် မှ အမျိုးသား ၁ ဦး၊ အောက် တိုဘာလ ၂၄ ရက်နေ့တွင်လည်း ကမာကြည်အမှတ် ၂တံတားပေါ်မှ

အသက် ၂၀ ဝန်းကျင်အမျိုးသမီး ၁ ဦး ငမိုးရိပ်ချောင်းအတွင်းခုန်ချအဆုံးစီရင်ခဲ့ပြီး ယနေ့တွင်အမျိုးသမီးငယ်တစ်ဦးထပ်မံအဆုံးစီရင်ရန်ကြံစည်ခဲ့ခြင်း​ဖြစ်ကြောင်းသိရသည်။

AyeyarwaddyTimes

Leave a Reply

Your email address will not be published. Required fields are marked *