အိမ်ထဲဝင်ခိုးသည့်သူခိုးက အိမ်ရှင်မိန်းကလေးအား ဖြစ်သူကို ဓါ းနဲ့အချက်ပေါင်းများစွာ…

နိုဝင်ဘာ ၂၆
အိမ်ထဲဝင်ခိုးသည့်သူခိုးကို အိမ်ရှင်ကောင်မလေးကတွေ့ သွားလို့ သူခိုးက အိမ်ရှင်ဖြစ်သူကို ဓါ းနဲ့အချက်ပေါင်းများစွာခု တ်ပြီးထွက်ပြေးတိမ်းရှောင်သွားမှု မိတ္ထီလာမြို့ မှာ
နိုဝင်ဘာလ ၂၅ ရက်နေ့၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးသမားများထံမှ သိရပါတယ်။အဆိုပါ ဖြစ်စဥ်ဟာ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်က မိတ္ထီလာမြို့၊
ပြည်သာယာမြောက်ဘက် မြင်းခြံလမ်း(၃)လမ်းနှင့် (၄)လမ်းကြားရှိ (ဆ)နယ်မြေတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူခိုးက အိမ်ရှင်ကောင်မလေးအား ဓ ားဖြင့်ခုတ်ကာထွက်ပြေးသွားခဲ့သဖြင့်
လူနာမှာ ပြ တ်ရှပေါ က်ပြဲဒ ဏ်ရာများစွာဖြင့် သွေးအိုင်ထဲတွင်လဲကျနေလို့ ဒေသခံလူမှုကူညီရေးသမားတွေက သွားရောက်ကယ်ဆယ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူခိုးကဝင်ခိုးတာကို အိမ်ရှင်ကောင်မလေးက မိတယ်။ မိတဲ့အခါမှာ သူခိုးက အိမ်ရှင်ကောင်မလေးကို ဓါးနဲ့ပိုင်းသွားတာပေါ့၊ ဓါးနဲ့ခုတ်သွားတာပါ။ ကောင်မလေးရတဲ့ဒဏ်ရာက ခေါင်းပြတ်ရှတယ်၊
နှုတ်ခမ်းပြတ်ရှတယ်၊ မျက်ခုံးအပေါ်နားပြတ်ရှတယ်။ လက်နှစ်ဘက်လုံး ဘယ်ရော၊ညာရောပြတ်ရှတယ်။ ဘယ်ဘက်လက်ကတော့ ထိတာများတယ်။ ဘယ်ဘက်က ၃ ချက်ထိတယ်၊ ညာဘက်က ၁ ချက်ထိတယ်။ နောက်ကျောကုန်းမှာ တစ်ချက်ထိတယ်။
ဓါးဒဏ်ရာတွေက အပေါ် ပိုင်း တစ်ကိုယ်လုံးနီးပါးပါပဲ။ ကျနော်တို့ ရောက်သွားတော့ သူက သွေးအိုင်ထဲမှာလဲနေတာပါ။ သူခိုးဝင်ခိုးတဲ့ အချိန်က မီးပျက်နေတဲ့အချိန်လည်းဖြစ်နေတယ်။
အခုကောင်မလေးရဲ့ ကျန်းမာရေးအခြေအနေက နည်းနည်းလေးတော့ ပြန်ကောင်းလာနေပါပြီ။ ဒီမနက်မှာ သူစကားတွေဘာတွေ ပြန်ပြောလာနိုင်ပါပြီ၊ လက်ရှိတော့ ကောင်မလေးက ဆေးရုံမှာပဲ ဆေးဝါးကုသမှုခံယူနေပါတယ်”လို့ မိတ္ထီလာမြို့ ၊
ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ ကိုသူရလွင်ဦးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။
သူခိုးက ဓါးဖြင့်ခုတ်သွားသဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ကောင်မလေးသည် အသက်အရွယ်အားဖြင့် (၂၁)နှစ်ခန့်သာရှိသေးပြီး နေအိမ်တွင် ၄င်းမိန်းမသားတစ်ဦးထဲသာနေထိုင်တာဖြစ်တယ်လို့ နယ်မြေခံလူမှုကူညီရေးသမားတွေက ပြောပါတယ်။
အဆိုပါဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တဲ့ အိမ်ရှင်ကောင်မလေးကို နယ်မြေခံလူမှုကူညီရေးသမားတွေက ဆေးအကူအညီပေးကာ လိုအပ်သည်များပြုစု၍ မိတ္ထီလာပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ညတွင်းချင်းပို့ဆောင်ကူညီပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း