ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ အုတ်ဂူနားသွားရင်းလူငြီး သံကြားလို့ အုတ်ဂူကို ဖောက်လိုက်တဲ့အခါမှာတော့…

ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ အုတ်ဂူနားသွားရင်းလူငြီး သံကြားလို့ အုတ်ဂူကို ဖောက်လိုက်တဲ့အခါမှာတော့…
West Honduras, La Entrada ဒေသမှာဖြစ်ပွား သွားတဲ့ထူးဆန်းဖြစ်ရပ်လေးဟာ၊ဒေသတွင်းရုပ်သံလိုင်းတွေမှာပါဖော်ပြခြင်းခံခဲ့ရပါတယ်။အကြောင်းကတော့ Neysi Perez ဆိုတဲ့လူလတ်ပိုင်းကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဟာ
နေအိမ်တွင်းအိမ်သာထဲမှာလဲလျောင်းတဲ့အနေထားနဲ့၊ပါးစပ် ထဲကအမြုပ်တွေထွက်ပီးသတိလစ်မေ့မျောနေခဲ့တာကိုခင်ပွန်း ဖြစ်သူကတွေ့ရှိခဲ့ပါတယ်။
အိမ်နီးချင်းတွေကတော့၊သူမအနေနဲ့ ထိန့်လန့်တုန်လှုပ်စရာကောင်းတဲ့အသံကိုကြားမိပီးအလန့် လွန်သွားတာကြောင့်၊သတိမေ့မျောသွားတာဖြစ်နိုင်တယ်ဆိုပီး ယူဆခဲ့ကြပါတယ်။
ထို့နောက်သတိမလည်သေးပဲဘာအချက်မှမပြတော့တဲ့ဇနီးကို ခင်ပွန်းဖြစ်သူကနီးစပ်ရာဆေးရုံကိုအမြန်ခေါ်သွားခဲ့လိုက်တဲ့ အခါမှာတော့၊
ဆရာဝန်များကသူမဟာလွန်ခဲ့တဲ့(၅)နာရီလောက် တည်းကအသက်မရှိတော့ဘူးဆိုတာကိုကောက် ချက်ချခဲ့ပါ တယ်။
ထို့နောက်ဆင်းရဲလှတဲ့မိသားစုအခြေနေကြောင့်၊သူမကို ချက်ချင်းပဲဒေသတွင်းသင်္ချိုင်းကုန်းမှာဂူသွင်းဖို့သာဆုံးဖြတ်ခဲ့ကြပါတယ်။
နောက်တနေ့မှာတော့သူမရဲ့ အုတ်ဂူကိုသတိရခြင်းများစွာနဲ့ခင်ပွန်းဖြစ်သူကသွားရောက်ခဲ့ချိန်မှာပဲ၊အုတ်ဂူထဲကနေမိန်းမဖြစ် သူရဲ့ ငြီးသံကိုကြားခဲ့ရတယ်ဆိုတာကြောင့်၊
ပတ်ဝန်းကျင်ရဲ့အကူ ညီယူပီးဂူဖောက်ခဲ့ကြပါတယ်။ထို့နောက်ခင်ပွန်းဖြစ်သူရဲ့အထင် အတိုင်း၊ဇနီးဖြစ်သူဟာအသက်ရှင်နေခဲ့ပီးခန္ဓာကိုယ်တစ်ခုလုံး နွေးတဲ့အနေထားနဲ့ရှိနေတာကြောင့်၊
ဆေးရုံကိုခေါ်သွားခဲ့ပီး လိုအပ်တဲ့ဆေးကုသမှုတွေပြုလုပ်ခဲ့ပီးနောက်သတိပြန်လည်လာခဲ့တယ်လို့သိရပါတယ်။
Credit