ငါးရဲ့ပါးစပ်ထဲဝင်နေပြီး လျှာကိုတစ်စတစ်စိုက်ဖြတ်စားသုံးပစ်လိုက်ပြီးနောက် လျှာအသစ်အဖြစ်နေရာယူ၍ …

များသောအားဖြင့် အဆိပ်ရှိပြီး ကိုယ့်အားအန္တရာယ်ပေးနိုင်သည့် သတ္တဝါတိုင်းကို လူတိုင်းကကြောက်ရွံ့တတ်ကြသည်။
သို့ဖြစ်၍ Cymothoa exiguaအမည်ရှိသော ကပ်ပါးကောင်များသည် အလွန်ကြောက်စရာကောင်းပြီး
အများစုက ကယ်လီဖိုးနီးယားပင်လယ်ကွေ့တွေမှာ ပေါက်ဖွားမှုများကြပါတယ်။
သူတို့က ငါးတွေရဲ့ ပါးစပ်ထဲမှာခိုကပ်ဝင်နေပြီးတော့ ရှင်သန်ကြီးထွားကြရသည့် ကပ်ပါးကောင်တစ်မျိုးဖြစ်သည်။
ထိုကပ်ပါးကောင်တွေသည် ငါးတွေရဲ့ပါးဟက်ကနေတဆင့် ပါးစပ်အတွင်းသို့ဝင်ရောက်ကာ ငါးတွေရဲ့လျှာကို တစ်စတစ်စနဲ့ကိုက်ဖြတ်ကာ
သွေးတွေကို စုပ်ယူခြင်းဖြင့် ရှင်သန်ရင်း သွေးလည်ပတ်မှုမရှိတော့သည့်လျှာကလည်း နောက်ဆုံးမှာ ကြွေကျပျက်စီးသွားရသည်
ထိုအချိန်တွင် ကပ်ပါးကောင်သည် ငါးရဲ့လျှာအသစ်နေရာမှာ အစားထိုးဝင်ရောက်ပြီးတော့
ကပ်တွယ်နေထိုင်ကာ ပါးစပ်အတွင်းရှိ အကျိအချွဲတွေနဲ့ သွေးအချို့ကိုစုပ်ယူစားသုံးခဲ့သည်။
ကပ်ပါးကောင်တွေကြောင့် ငါးတွေကသေဆုံးမသွားနိုင်ပေမယ့် သူတို့ရဲ့ပါးစပ်ထဲမှာတော့
တစ်ခုခုခံနေသလိုမျိုး ခံစားရတာကလွဲရင် ပုံမှန်တိုင်း အခြားသာမန်ငါးတွေလိုပဲ ရှင်သန်ကြီးထွားနိုင်ကြသည်။
Rain (For Ialinks)