မတော်တဆကြောင့် ဆေးရုံတင်လိုက်ရတဲ့ မိခင်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ၃ နှစ်အရွယ်ကလေးငယ်

လောကကြီးမှာ ဘယ်သူကမှ ကိုယ့်ကံကြမ္မာကို မရွေးချယ် နိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်ရမ လဲဆိုတာကို ရွေးချယ်နိုင်ပါတယ် ။

အသက် ၃ နှစ်သာရှိ သေးတဲ့ Qianqian အမည်ရှိ ကလေးမလေးရဲ့ ဘဝ အဖြစ်အပျက်လေးက လူများစွာကို မျက်ရည်ကျစေခဲ့ပါ တယ် ။

ဒီကလေးမရဲ့မိခင် အသက် ၃၀ နှစ် မစ္စ Wang Huixian က ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာ အပြင်းအထန်ရကာ ဆေးရုံတင်ထားရပါတယ် ။

ထိုအချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့အချိန်ဖြစ်တာကြောင့် သူမရဲ့ အခြေအနေဟာ အလွန်ခက်ခဲကြောင်းသိရှိရပြီး သူမရဲ့ မိဘ တွေလည်း ကွယ်လွန်သွားခဲ့ပြီး အခုချိန်မှာတော့ မိခင်နဲ့သမီး တဦးတည်းသာ မှီခိုအားထားနေရတာ ဖြစ်ပါတယ် ။

သူ့အမေ ဆေးရုံတက်နေစဉ်အတွင်း ကလေး ကလေး Qianqian မိခင်ရဲ့ ဝတ်ကြီးစားငယ်များကို တာဝန် ကျေပွန်စွာ က လုပ်ဆောင်ခဲ့တာကြောင့် လူအများ ချီးကျူးခဲ့ပါတယ် ။

အထီးကျန်မိသားစုအခြေအနေကြောင့် အသက် ၃ နှစ်သာရှိ သေးသော်လည်း၊ သူမက မိခင်ကို စိုးရိမ်သောမျက်လုံးများ ဖြင့် ပြုစုပေးတာဟာ ကလေးရဲ့ထူးခြား သောစွမ်းအင်ကို ပြသနေပုံရပါတယ် ။

ကျေးဇူးရှင်များစွာက အခြေအနေကို သိပြီး ၎င်းတို့ရဲ့မိခင်နဲ့သမီးတို့ကို သွားရောက်ကြည့်ရှုကာ အဝတ် အစားနဲ့ အစားအသောက်များ ပေးလှူကြပါတယ် ။

လက်ရှိမှာ မိခင်နဲ့သမီး Qianqian ကို ကူညီရန် ပရဟိတ အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များက အကူညီပေးနေပါတယ်။

အွန်လိုင်းအသိုင်းအဝိုင်းနဲ့ လူတိုင်းက မစ္စ Wang ပြန်လည်ကောင်းမွန်လာစေရန်နဲ့ ကလေးမလေးလည်း အခြားကလေးငယ်လို့ လွတ်လပ်စွာ ပျော်ရွှင်နိုင်ဖို့ လူတိုင်း က မျှော်လင့်နေကြပါတယ် ။

JRose (Mckzone daily)

Leave a Reply

Your email address will not be published. Required fields are marked *