သမီးမူးလဲလို့ မိခင်က ဆေးဝယ်နေချိန် သမီးဖြစ်သူကအိမ်တွင် ကြိုးဆွဲချ‌ေ…

အမှုဖြစ်စဥ်မှာ ၁၈.၁၁.၂၀၂၂ရက်ညနေ၃နာရီအချိန်ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့မရဲစခန်းတွင်
ဒုရဲမှူး…..စခန်းမှူး တာဝန်ဆောင်ရွက်နေစဉ် တိုက်ကြီးမြို့၊ လိမ္မော်ခြံကျေးရွာအုပ်စု၊

မြန်မာစုကျေးရွာတွင် အမျိုး သမီးတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်းအရတာဝန်မှူး ဒုရဲအုပ်….၊ ရဲ…၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊

ရာအိမ်မှူးတို့နှင့်အတူ အခင်းဖြစ် နေရာအား သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မယုယုဝေ(၁၈)နှစ်၊ အထည်ချုပ်၊မြန်မာစုကျေးရွာ၊ လိမ္မော်ခြံကျေးရွာအုပ်စု၊

တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး၎င်းသည်နေအိမ်ပေါ်၌ အမြင့်(၈) ပေခန့်ထုတ်တန်းတွင် အရှည်(၇)ပေခန့်ရှိ လက်သန်းလုံးခန့် အနီရောင် ပလတ်စတစ်ကြိုးအား ချည်နှောင်ကာ

၎င်း၏လည်ပင်းတွင် ကွင်းလျှောပြုလုပ် ချည်နှောင်လျက် အနီရောင်ပလတ်စတစ်ခုံပေါ်တက်ကာကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ ရှိရကြောင်းသိရသည်။

အ လောင်းအားစစ်ဆေးရာ လည်ပင်းကြိုးပွန်းဒဏ်ရာပါးစပ်မှသွားရည်ကျ၊ လက်သီးဆု ကျင်ငယ်ရည်ထွက်ကာ သေဆုံးနေသဖြင့် သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်ခင်မာဦး၊ (၄၆)နှစ်၊ မှီခို(လိပ်စာတူ)အား မေးမြန်းခဲ့ရာ သေဆုံးသူသည် အခင်းဖြစ်နေ့လယ် ပိုင်းတွင် တိုက်ကြီးမြို့၊

ရှမ်းစုရပ်ကွက်ရှိ အမေ့အိမ်အထည်ချုပ်စက်ရုံတွင် အလုပ်ဆင်းနေစဉ် မူးလဲကြောင်းသိရှိရသဖြင့် သွားရောက်ခေါ်ဆောင်၍ ဆေးခန်းပြပြီး နေအိမ်သို့ပြန်ခေါ်ခဲ့ကြောင်း၊ နေအိမ်တွင် ဆေးတိုက်ပြီးနားခိုင်းကာ ကျေးရွာထဲရှိ ဈေးဆိုင်တွင် ဈေးသွားဝယ်နေစဉ်

အသက် (၁၀)နှစ်အရွယ် သားဖြစ်သူ မောင်ဟိန်းထက်အောင်သည် နောက်မှလိုက်လာပြီး သမီးဖြစ်သူ မယုယုဝေ နေအိမ်တွင် ကြိုးဆွဲချသေဆုံးကြောင်း ပြောသဖြင့် နေအိမ်သို့ပြန်ကြည့်ခဲ့ရာ ဖြစ်သူ မယုယုဝေသည် နေအိမ်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေသည်အား တွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည်။

အ လောင်းအား တိုက်ကြီးပြည်သူ့ဆေးရုံသို့ညနေ၄နာရီ၄၀မိနစ် အချိန်ခန့်တွင် ရဲဆေးစာနှင့် ပေးပို့ခဲ့ရာ တာဝန်ကျဆရာဝန်မှ PRအမှတ်မရှိနှင့်လက်ခံစစ်ဆေးပြီး မယုယုဝေ သေဆုံးခြင်းနှင့်ပတ်သက်၍

ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်စစ်ဆေးနိုင်ရန်တရားလိုပြုလုပ် တိုင်တန်းခဲ့ရာတိုက်ကြီးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၂၈/၂၀၂) ဖြင့် အမှုဖွင့်ပြီးအမှုစစ်မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *