သားလေးကိုကျောင်းထားပေးဖို့ဆိုပြီး ၂နှစ်အကြာရေသန့်ဗူးကြီးထဲတွင် ပုံမှန် စုဆောင်းပေးခဲ့သော မိခင်တစ်ဦး

မိဘတိုင်းက သားသမီးလေးရှေ့ရေး အနာဂတ်ကောင်းစားဖို့အတွက်ဆိုရင်
မဖြစ်နိုင်ပူးဟုထင်ထားသည့် အရာများကိုလည်း ရဲရဲကြီးရင်ဆိုင်ကာ ကျော်လွှားပေးတတ်ကြသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံမှ ကြင်ဖော်မဲ့ မိခင်တစ်ဦးသည် စျေးထဲတွင် ငါးစိမ်းသည်အဖြစ် အသက်မွေး၀မ်းကျောင်းပြုကာ
စျေးမရောင်းကောင်းသည့် နေ့များရှိသော်လည်း သားလေးကို ကျောင်းထားပေးဖို့ဆိုပြီး ရည်ရွယ်ကာ
နေ့စဥ်အနည်းဆုံး ဘတ်၅၀အား စုဆောင်းထားခဲ့သည်။
မိခင်ဖြစ်သူသည် အသုံးစရိတ်ကိုချွေတာကာ ရေသန့်ဗူးကြီးတစ်လုံးထဲတွင် ငွေစက္ကူများစွာ စုဆောင်းသိမ်းထားပေးခဲ့ပြီး
၂နှစ်အကြာမှဖောက်ကြည့်ခဲ့ရာ ဘတ်ငွေပေါင်း ၁၄၇၈၀၀ရှိနေ၍ ဝမ်းသာပျော်ရွှင်နေခဲ့သည်။