အလုပ်မှပြန်လာချိန်တွင် သမီးလေးက လမ်းထိပ်အထိလာကြိုနေလို့ ပျော်ရွင်ခဲ့ရသော်လည်း ဆိုင်ကယ်စီးချင်လို့လာကြိုမှန်းသိလိုက်ရသောအခါမှ …

စာဖတ်သူတို့အနေဖြင့်လည်း ငယ်စဥ်အခါက ဖခင်တို့က အပြင်ကပြန်လာသည့်အချိန်တွင် စားစရာတစ်ခုသို့မဟုတ်
ဖခင်တို့က ဂုန်းပိုးတာကိုခံချင်လို့ အပြေးလေးထွက်ကြိုခဲ့ရသည့် အချိန်မျိုးကို ပြန်လည်သတိရမိနေမှာသေချာပါတယ်။
ယခုတွင်လည်း ၂နှစ်အရွယ်သာရှိသေးသည့် သမီးလေးဟာ လမ်းထိပ်အထိကို လာရောက်ပြီး အလုပ်ကပြန်လာမည့်ဖခင်ကို စောင့်ကြိုနေခဲ့ပါတယ်။
အိမ်မရောက်ခင်မှာဘဲ သမီးလေးလာကြိုနေတာကိုမြင်လိုက်ရသဖြင့် ဖခင်ဖြစ်သူကအရမ်းပျော်ရွင်နေခဲ့ရပါတယ်။
သမီးလေးကတော့ ဖခင်အနားရောက်လာသည့်နှင့် ဆိုင်ကယ်ပေါ်အတင်းလုတက်ပြီး အိမ်ကိုမြန်မြန်မောင်းခိုင်းနေတော့တာဖြစ်ပါတယ်။
ထိုအခါမှသမီးလေးက ဆိုင်ကယ်စီးချင်သည့်အတွက် ဖခင်ကိုအပြေးလေးလာကြိုမှန်း သိခဲ့ရတာဖြစ်ပါတယ်။
Shoon (Cele Daily)