ငွေကို ရေလိုသုံးနိုင်ပြီး အလျှံပယ် လှူဒါန်းနိုင်တဲ့ထိ လာဘ်ဝင်စေတဲ့ ဂါထာတော်ကြီး

ဂါထာမန္တန်တွေဆိုတာ တကယ်အစွမ်းထက်ပါ တယ်။ ရွတ်ဖတ်ပူဇော်သူရဲ့ သီလရယ် ယုံကြည် သက်ဝင်မှုရယ် ပေါင်းလိုက်ရင်တကယ့်ကို အကျိုးရှိစေနိုင်တာပဲ ဖြစ်ပါတယ်။
ခုပြောပြပေးမယ့် ဂါထာတော်ကြီးကတော့ ငွေကြေးအဆင်မပြေဖြစ်နေသူတွေအတွက် ငွေ ကိုရေလိုသုံးနိုင်ရုံမက အလျှံပယ်လှူဒါန်းနိုင်တဲ့ အထိ ချမ်းသာလာစေမယ့်ကျင့်စဉ်ဂါထာတော်ကြီးပဲ ဖြစ်ပါတယ်။
ဒီဂါထာကို ရွတ်ဖတ်ပူဇော်ရမယ့် နည်းလေးကို လည်း အောက်မှာဖော်ပြပေးထားပါတယ်။၂၄ရက်အဓိဌာန် နှင်းဆီပန်း၂၄ပွင့်၊ ဆီမီး၂၄တိုင်၊ တံခွန်ကုက္ကားတစ်စုံ၊ ရေဗူးအကြီးတစ်ဗူး၊
ဗူး နောက်မှာ အခုသုံးနေသော ငွေ၁သောင်းတန် ငါး ထောင်တန် တစ်ထောင်တန် ငါးရာတန် နှစ်ရာတန် တစ်ရာတန် ငါးဆယ် တန် အားလုံးကိုအထပ်လိုက် လှူဒါန်းရပါတယ်။
ရွတ်ဆိုရမည့် ဂါထာမှာ”ဒိဝါ တပတိ မင်္ဂလာ ဂါထာ ၂၄ကြိမ်။
ဒိဝါတပတိ အာဒိစ္စော ရတ္တိမာ ဘာတိ စန္ဒိမာ သန္နဒေါ ခတ္တိယော တပတိ ဈာယီ တပတိ ဗြဟ္မဏာ
အထ သဗ္ဗမဟောရတ္တိ ဗုဒ္ဓေါ တပတိ တေဇသာ။
“ပဋ္ဌာန်းပါဠိတော်” ၂၄ကြိမ်။ ဟေတု ပစ္စယော၊ အာရမ္မဏ ပစ္စယော၊ အဓိပတိ ပစ္စယော၊ အနန္တ ပ ပ စ္စယော၊ သမနန္တရ ပစ္စယော၊ သဟဇာတ ပစ္စ ယော၊ အညမည ပစ္စယော၊ နိသာယ ပစ္စယော၊ ဥပနိသယ ပစ္စယော၊ ပု ရေဇာတပစ္စယော၊
ပစ္ဆာဇာတ ပစ္စယော၊ အာသေ ဝန ပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါက ပစ္စယော၊ အာဟာရ ပစ္စယော၊ဣန္ဒိယ ပစ္စယော၊ ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊ သ မ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော၊ အတ္တိပစ္စ ယောနတ္တိ ပစ္စယော၊ ဝိဂတ ပစ္စယော၊ အဝိဂတ ပ စ္စယောတိ။
“ငွေရဂါထာ” ၁၀၈ ကြိမ်။ (သဗ္ဗဝေန ခယခပင်း သုခိ ဥပူဇာစ) အားလုံးကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေ။