နွားအုပ်ရှောင်တဲ့ အုတ်သယ်ယာဉ် တိမ်းမှောက်ပြီး…

နိုဝင်ဘာ ၂၈

ပြင်ဦးလွင်မြို့နယ်အတွင်းမှာ အုတ်သယ်ယာဉ်တစ်စီးသည် နွားအုပ်ကို ရှောင်ရာက အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားပြီး နွားကျောင်းသားအပါအဝင် ၂ဦးသေဆုံးကာ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၂၈ရက်နေ့ နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့နယ်ရှိ ကျိုင်းထောင်းရွာနဲ့ သင်္ဂတုံရွာအကြားမှာ အုတ်သယ်ယာဉ်တစ်စီးက နွားအုပ်ကိုရှောင်စဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

အဆိုပါဖြစ်စဉ်ကြောင့် နွားကျောင်းသားတစ်ဦးနဲ့ ယာဉ်ပေါ်ပါလာသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၃ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက ဆိုပါတယ်။

ဖြစ်စဉ်အတွင်းမှာ နွား ၂ကောင်လည်း သေဆုံးခဲ့တယ်လို့သိရကာ သေဆုံးသူရဲ့ ရုပ်အလောင်းများအား ပြင်ဦးလွင်ဆေးရုံသို့ အသင်းမှ လူနာတင်ယာဉ်နှစ်စီးဖြင့် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

Zawgyi version

Leave a Reply

Your email address will not be published. Required fields are marked *