ပြောင်းဖူး ဝယ်ယူ စားသုံးရာကနေ အစာအဆိပ်သင့်ပြီး မိသားစုဝင် ၄ ဦး‌ေ…

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက အစာအဆိပ်သင့်ပြီး မိသားစုဝင် ၄ ယောက် သေဆုံးကာ ၃ ယောက်ကတော့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ပီချောင်း-သက်ထက်ရွာမှာ မနေ့ ညနေပိုင်းမှာ မိသားစုတစု အစာအဆိပ်သင့်ပြီး အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ တယောက် စုစုပေါင်း ၄ ယောက်သေဆုံးကာ

လသားအရွယ်ကလေးငယ်တယောက်အပါအဝင် ၃ ယောက်ကတော့ ကျောက်တော်ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ သက်ထင်ရွာ ဒေသခံတယောက်က ပြောပါတယ်။

ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်ပြီး မိသားစုဝင် ၄ ဦးသေဆုံး

အစာအဆိပ်သင့်ပြီး သေဆုံးခဲ့သူတွေကတော့ ပီချောင်း-သက်ထက်ရွာသား ဦးသောကြာအောင်ရဲ့ အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူ ၊

အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူ မစန္ဒာဝင်း၊ အသက် ၂၁ နှစ်အရွယ်သမီးဖြစ်သူ မစောသန့်နဲ့ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီမိသားစုဟာ ကျောက်တော်မြို့မစျေးထဲကနေ ပြောင်းဖူးဝယ်ယူ စားသုံးရာကနေ အစာအဆိပ်သင့်ခဲ့တာလို့ သိရပြီး ဖြစ်စဥ်အသေးစိတ်ကိုတော့ သက်ဆိုင် ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေး နေပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲမှာလည်း နိုဝင်ဘာ ၂၃ မနက်ပိုင်းက အစာအဆိပ်သင့်သလိုဖြစ်ပြီး မြောင်းဘွေပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။

Source DVB

Leave a Reply

Your email address will not be published. Required fields are marked *