ရန်ကုန်နဲ့ ဧရာဝတီတိုင်း ကားစီးနင်းခ ၅ ဆအထိ မြင့်တက်နေလို့ ခရီးသွားပြည်သူတွေအ…

နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်း နဲ့ ဘိုကလေးမြို့ကနေရန်ကုန်မြို့ကို ပေးဆွဲလျက်ရှိတဲ့ ကားစီးနင်းခ နှုန်းထားတွေ နှစ်လအတွင်း ၅ ဆခန့်မြင့်တက်သွားတဲ့အတွက်

ကျောင်းသား ၊ ကျောင်းသူတွေနဲ့ ခရီးသွား ပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က ဘိုကလေး- မော်လမြိုင်ကျွန်း – ရန်ကုန်ကားစီးနင်းခ အနေနဲ့ အသွား၊ အပြန်ငွေကျပ် ၂၅၀၀ သာပေးရပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ယခု နိုဝင်ဘာလ အထိအသွား၊ အပြန် ငွေကျပ် ၁၂၅၀၀ အထိ ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

” ရန်ကုန်အထည်ချုပ်မှာ အလုပ် လုပ်နေတဲ့ သမီးဆီသွားတာ ၊ကားစီးခက မနည်း တက်သွားလို့ နောက်မလာ နိုင်တော့တဲ့ အကြောင်း ပြောခဲ့ရတယ် ၊

ရန်ကုန်ကို သွားတာကလည်း မိသားစု အိမ်စရိတ်လေးကာမိအောင်လို့ ဒေသ ထွက်ကုန်လေးတွေကို ရောင်းရင် သမီးလစာလေးထုတ် ရင်း သွားတာပါ ၊ ရန်ကုန် ထွက်ကုန်လေးတွေလည်းတောမှာ ပြန်ရောင်းဖို့ဝယ်လာတာပေါ့ ၊

အခုက ကားခတွေက အဆပေါင်းများစွာ တက်နေတယ် ၊ ငတ်သေဖို့ အကြောင်း ဖန်လာတာလို့ပဲပြောရမယ်။”လို့ ခရီးသည်တစ်ဦးကပြောပါတယ်။

မအူပင်နည်းပညာ တက္ကသိုလ်ကို ကျောင်းသွားတက်တဲ့ကျောင်းသူ၊ ကျောင်းသားတွေဟာ နည်ပညာတက္ကသိုလ်ကို ရောက်ဖို့ ကားစီးရပြီး ကားခမှာ အရင်က ငွေကျပ် ၁၀၀၀၊

သာပေးရသော်လည်း ယခုငွေကျပ် ၃၅၀၀ ထိပေးလာရတဲ့အတွက် ခရီးစရိတ်ကပင် တစ်လ ငွေကျပ် ၁၀၅၀၀၀အထိကျကုန်လျက်ရှိတယ်လို့ ကျောင်းသား၊ ကျောင်းသူတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *