ရန်ကုန်မြစ် အတွင်း၌ မု တ် ဆိ တ်ပါ အသက် ၄၀ ၀န်းကျင်ရှိ ေ သ ဆုံ းနေသူ တစ်ဦးအား တွေ့ရှိ…

ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရန်ကုန်မြစ်အတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား နိုဝင်ဘာ ၂၇ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်မြစ်အတွင်း ဒလဘက်ကမ်း အနီး၌ အမည်မသိ
သေဆုံးနေသော အမျိုးသားတစ်ဦး၏
အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။
” သေဆုံးသူက အသက် ၄၀ ဝန်းကျင်လောက် ရှိတဲ့ အမျိုးသားပါ။ မျက်နှာမှာတော့ မုတ်ဆိတ်နဲ့။ အလောင်းကတော့ ပုတ်ပွနေပါတယ်။
ရေနစ်ပြီး သေဆုံးတာလား၊ တစ်ခြား တစ်ခုခုကြောင့် သေဆုံးတာလား ဆိုတာတော့ မသိရသေးဘူး။ ခုထိတော့ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်
မရသေးပါဘူး”ဟု
ကူညီပေးခဲ့သော လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိ၌ အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ သေဆုံးသူမှာ မည်သူဖြစ်ကြောင်း သိရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ-လင်းလက် လူမှုကူညီရေးအသင်း
Source ယနေ့ခေတ်