သင့်ဘဝမှာ ကူကယ်ရာမဲ့လာတဲ့အချိန် ဒီဂါထာ ကို သတိတရ နဲ့ ရွတ်ဖတ်ပေးပါ

အခက်အခဲတွေနဲ့ အရမ်း ကြုံနေရရင် ဒီဂါထာ လး ရွတ်ကြည့်ပါလား..တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားပါလိမ်မ ယ်။
သိကြားမင်း ဂါထာတော်
ဝေဒါသာကု ၊ ကုသာဒါဝေ ဒါယသာတ ၊ တသာယဒါ သာသာဓိကု ၊ ကုဓိသာသာ ကုတကုဘု ၊ ဘုကုတကု
ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည်
ဒါ = ဝေးစွာသော အရပ်သို့
သာ = လျင်စွာ
ကု = ပြေးကုန်သတည်း။
ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည်
သာ = မိမိအလိုလို
ဒါ = အကြံအစည် ပျက်သောအားဖြင့်
ဝေ = ပျောက်စေကုန်သတည်း။
ဒါ = ငါ၏ ဒါန စေတနာတို့ကြောင့် ယသာ=အခြံအရံ အကျော်အမော်တို့သည်
တ = ပွါးများ စေကုန်သတည်း။ တသာ=ငါပြုမိသော အကုသိုလ် ၁၀ပါးတို့သည်
ယ ယ = ငါပြုမိသော ကုသိုလ် ၁၀ပါး၏ တန်ခိုးတော်တို့ကြောင့်
ဒါ =ပြေပျောက်စေကုန်သတည်း။ သာ = စက်ဆုပ်ဖွယ်သော သူတို့အားလည်းေကာင်း
သာ = အမျက်မာန ဒေါသရှိသောသူတို့အားလည်းကောင်း
ဓိ = ဆုံးမဩဝါဒ ပေးခြင်းဖြင့်သာလျှင်
ကု = အောင်မြင်စေသတည်း။ ကု = ထိုထိုသော အမျက်မာနမာန်တက်သူတို့နှင့် ဓိ = ရှည်မြင့်စွာ သာ =မပေါင်းဖော်ရသည်
သာ = ဖြစ်ပါစေသတည်း။
ကု = ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော
တ = သူတော်ကောင်းတို့နှင့်သာလျှင်
ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌
ဘု = တွေ့ ဆုံပေါင်းဖော်ခြင်းကိုပြုရစေသတည်း။
ဘု = အကုသိုလ် ဒုစရိုက် ပွါးများသူတို့နှင့်
ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌
တ = အခါ ခပ်သိမ်း
ကု = တွေ့ ဆုံပေါင်းဖော်ခြင်း မပြုရသည်
ဖြစ်ပါစေသတည်းးး။