အသက် (၈၀) အရွယ် အဘိုးနှင့်အဘွားနှစ်ဦးထဲရှိနေစဉ် ဓားပြတိုက်ခံရပြီး…

မူဆယ်မြို့တွင် အသက်(၈၀)အရွယ် အဘိုး၊အ ဘွား နှစ်ဦးအား လူတစ်စုကသေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်ခံရ
ရှမ်းပြည်နယ်၊မူဆယ်မြို့၊တောင်းရပ်ကွက်ရှိ နေ အိမ်တစ်လုံး၌ နိုဝင်ဘာ ၂၅ ရက်က အသက်(၈၀) အရွယ် အဘိုး၊အဘွား နှစ်ဦးတည်းရှိနေစဉ်
လူတစ်စုကဝင်ရောက်လာကာ သေနတ်ပြခြိမ်း ခြောက်၍ ဓားပြတိုက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊တောင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးသို့ အဘိုး၊အဘွား နှစ်ဦးတည်းရှိနေစဉ်
အမည်မသိအမျိုးသား ၆ ဦးရောက်ရှိလာကာ တံခါးဖွင့်ခိုင်းခဲ့သဖြင့် ဖွင့်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ တံခါးဖွင့်ပေးခဲ့ရာ နေအိမ်အတွင်းသို့ဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍
တရုတ်ယွမ် ၂ သိန်း၊ မြန်မာငွေ ကျပ်သိန်း ၇၀ နှင့်မြေဂရမ် ၅ ခုတို့အား ဓားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေအိမ်အား စစ်ဆေးမှုများပြုလုပ်ကာ
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေစုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။