အသုဘ လိုက်ပို့သူတွေ မြေပြိုမှုနဲ့ ကြုံပြီး ၁၁ ယောက် ထက်မနည်း ထပ်မံ ေ …

ယာအွန်ဒီ၊ နိုဝင်ဘာ ၂၈
ကင်မရွန်းနိုင်ငံ မြို့တော် ယာအွန်ဒီမှာ နိုဝင်ဘာ ၂၇ရက်က အသုဘလိုက်ပို့သူတွေ မြေပြိုမှုနဲ့ ကြုံပြီး
၁၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ အရာရှိတစ်ယောက်က နိုင်ငံပိုင် မီဒီယာ ကို ပြောကြားပါတယ်။
လူငါးယောက်သေဆုံးမှုအတွက် အသုဘလိုက်ပါပို့ဆောင်သူတွေဟာ တောင်ကုန်း တစ်ခုပေါ်မှာ ရှိနေချိန် တောင်ကုန်း တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့တာကြောင့်
သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ အဲ့ဒီအရာရှိက ပြောကြားပါတယ်။နိုဝင်ဘာလ ၂၇ရက် ညနေစောင်းက လူအချို့တဲထဲမှာ ထိုင်နေချိန်
မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ယာအွန်ဒီမြို့ အလယ်ပိုင်းဒေသ အုပ်ချုပ်ရေးမှူး ပေါလ်ဘီယာက နိုင်ငံပိုင် ရေဒီယိုလိုင်းကို ပြောကြားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုဝင်ဘာလ ၂၇ရက်ညပိုင်းက ရပ်တန့်ထားခဲ့ပြီး နိုဝင်ဘာလ ၂၈ရက် မနက်ပိုင်းမှာ ပြန်စတင်မယ်လို့ ကယ်ဆယ်ရေးလုပ်သားတစ်ယောက်က ပြောကြားပါတယ်။
အဲ့ဒီမြေပြိုမှုကနေ အသက်ရှင်လွတ်မြောက်ခဲ့သူ တစ်ယောက်က မိမိတို့ အသုဘ အခမ်းအနားမှာ စတင် ကခုန်ဖို့ လုပ်နေချိန်မှာ မြေပြိုခဲ့တာဖြစ်တယ်လို့ ပြောကြားပါတယ်။
Myanma Platform