ကားလမ်းဘေး ချောင်းထဲ အိမ်စီးကားတစ်စီး ပြုတ်ကျ ကားပေါ်ပါသူ၂ ဦး…

နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်တာချီလိတ်ခရိုင်၊တာလေမြို့၊နားယောင်းကျေးရွာအုပ်စု၊ကျတားကျေးရွာအနီး တာလေ နမ့်လချောင်းထဲ အိမ်စီးကားတစ်စီး
ပြုတ်ကျမှုဖြစ်ပွားခဲ့တယ်လို့ တာလေမြို့ လောကပါလ ပရဟိတ လူမှုကူညီရေး အသင်းမှ သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့မွန်းလွဲပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး ကံကောင်းထာက်မစွာဖြင့် ကားမှာ ချောင်းရေထဲ မကျသွားလို့ ချောင်းအစပ်မှပဲ တင်နေတာကြောင့်
ကားပေါ်လိုက်ပါ လာသည့် အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးမှာ ကြီးကြီးမားမား ထိခိုက် ဒဏ်ရာရရှိမှု မရှိဘဲ ပွန်းပဲ့ ဒဏ်ရာအနည်းငယ်သာ ရရှိတယ်လို့ဆိုပါတယ်။
ယင်းဖြစဉ်အတွင်း ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သူ၂ ဦးကို တာလေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Myanma Platform