ကိုယ့်ရဲ့ပေါ့ဆမှုကြောင့်Kpayရော ဘဏ်စာအုပ်ထဲကကော အကုန်ပြောင် အမျှ အမျှ အမျှ😭😭😭

ကိုယ့်ရဲ့ပေါ့ဆမှုကြောင့်Kpayရော ဘဏ်စာအုပ်ထဲကကော အကုန်ပြောင်တော်သေးတယ် အရင်ကဟာထုတ်ထားလို့ (ပစ္စည်းဖိုးလွှဲလာတာလေးတွေ)
ဖုန်းဘေလေးဖြည့်ဖို့ ၁၀၀၀ လေးတောင်မချန်ထားဘူး
OTPရော Kpayနံပါတ်ကော ဘာတစ်ခုမှ မပေးလိုက်မိဘူးနော်(ဘယ်လိုနည်းနဲ့ယူသွားမှန်းမသိ)
OTPအသစ်ပို့လာလို့ ချက်ချင်းဘဲ kpayထဲဝင်ပြီး ချိန်းလည်းOTP တွေ ဆက်တိုက်ကျလာတာ ဘဏ်အကောင့်ထဲဝင်ကြည့်တော့ ပြောင်ပြီ
internet planဝယ်တာကစတာပါ(အရင်ကလည်း ဝယ်ဖူးနေကြက internet သုံးမဲ့နံပါတ်လေးပို့ပေးပြီး ငွေလွှဲလိုက်တာနဲ့ GB တွေတန်းတက်တာ)
ခုက additional settingထဲဝင်ပြီး developer optionsကို onလုပ်ခိုင်းတာပြီးတော့ softwareဒေါင်းခိုင်းတာ(anyဘာဆိုလာမသိ သေချာမကြည့်မိလိုက်ဘူး)
ပြီးတော့ Planဝယ်မဲ့ ဖုန်းနံပါတ်ထဲကျ ဘေက 477ksဘဲရှိလို့ ဘေဖြည့်လိုက်တာအာ့ပြီးတော့ softwareကို acceptလုပ်လိုက်တာနဲ့ KBZ OTPတန်းပို့လာတာနဲ့ လူကချက်ချင်းလန့်ပြီး Kpayကို ဝင်ကြည့်တော့
Kpay accက တခြားသူဖုန်းထဲ log inဝင်ထားပြီးဆိုလို့
OTPအမြန်ပြန်ထည့် ပြန်လုပ်လည်း OTPအသစ်ပို့ပို့လာတာနဲ့ bank accထဲဝင်ကြည့်လိုက်တော့မှ ပိုက်ဆံအကုန်ပါသွားပြီ😭
ချက်ချင်းပဲ kbzကအသိတစ်ယောက်ဆီဖုန်းဆက်တော့(ရုံးချုပ်ဖုန်းနံပါတ်ပေးလိုက်တာ)
ရုံးချုပ်ကိုပြန်ဆက် အကျိုးအကြောင်းပြောပြလိုက်တော့ရဲစခန်းကို အမှုတွဲတင်ပေးပါတဲ့ ပြီးမှ ငွေလက်ခံaccကို ပိတ်လို့ရမယ်တဲ့
ဆုံးသွားတဲ့ပိုက်ဆံပြန်ရနိုင်လားမေးတော့အာမ မခံပေးနိုင်ပါဘူးတဲ့မသေချာ မရေရာတဲ့တွက် အလုပ်ရှုပ်ခံပြီး မသွားတော့ဘူးလေ
လူလိမ်သူခိုးများရသွားတဲ့ပိုက်ဆံနဲ့ကျန်းမာချမ်းသာစွာစားသောက်နိုင်ပါစေ