ဆင်းရဲလွန်းတာကြောင့်အချို့ရက်များတွင် စားစရာပင်မရှိသော်လည်း အတန်းထဲတွင် ပထမဆုသာရရှိခဲ့ပြီး တက္ကသိုလ်ရောက်ချိန်တွင်လည်း ကိုယ်တိုင်အလုပ်လုပ်ပြီးကျောင်းတက်နေသည့် ကောင်မလေး

ဗီယက်နမ်နိုင်ငံ Ben Treပြည်နယ် Mo Cay Bacခရိုင် Tan Thanh Binhရွာတွင်နေထိုင်သော Nguyen Thi Thuy Diemဆိုသည့်ကောင်မလေး၏
ဘဝဆင်းရဲပုံဟာ အလွန်သနားဖွယ်ရာကောင်းလှပါတယ်။ကောင်မလေး၏မိခင်နှင့်ဖခင်တို့ဟာ အလုပ်အတည်တကျမရှိသည့်အတွက်
ကြုံရာအလုပ်လေးဖြင့် ဝင်ငွေကိုမလောက်ငှသော် လည်း ကြိုးစားရပ်တည်နေရသည်။ကောင်မလေးက ဘဝဆင်းရဲသော်လည်း
စာသင်ကျောင်းတွင် နှစ်တိုင်းပထမဆုကိုရရှိအောင် ထူးချွန်ထက်မြက်လှသူဖြစ်ပါတယ်။
ထို့နောက်စာကြိုးစားပြီး ဟိုချီးမင်းမြို့တွင် တက္ကသိုလ် တက်ခွင့်ရချိန်မှာလည်း အိမ်ကထောက်ပံ့ပေးနိုင်ခြင်းမရှိတာကြောင့်
ကော်ဖီဆိုင်တစ်ခုတွင် အချိန်ပိုင်းအလုပ်လုပ်ပြီးဝင်ငွေရှာရင်း ပညာသင်ကြားနေခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)