ဇွဲထက်မှာ ရွှေဝယ်ဆိုရင် သတိထားကြပါ … ကိုယ်တွေ့ခံလိုက်ရလို့ မျှဝေပေးတာပါ

ဇွဲထက်မှာ ရွှေဝယ်ဆိုရင် သတိထားကြပါ ကိုယ်တွေ့ ခံလိုက်ရလို့ မျှဝေပေးတာပါ။ ဇွဲထက် လုပ်ချက်နဲ့လူအများ ထပ်ပြီး မနှစ်နာစေချင်လို့ပါ။

ဖြစ်ရပ်က ဒီလိုပါ။ 10 လပိုင်း 22 ရက်ပိုင်းမှာ မြန်မာငွေ ရှုပ်ရှုပ် ဖြစ်တဲ့အချိန် လက်ထဲပိုက်ဆံ မနစ်နာရအောင်သူငယ်ချင်းနဲ့ အတူ ဇွဲထက် သွားပြီး အခေါက် ရွှေ သွားဝယ်ဖို့ သွားခဲ့တာနဲ့

အခေါက်ရွှေ အရောင်း အကုန်ပိတ်ထားလို့ ၁၅ ပဲရည်ထဲက ရွှေစျေး (၂၄၄၇၀၅၉) အလျော့တွက် နည်းတာထဲက ယူမယ်ဆိုပြီး ဝန်ထမ်းကနေ ပွတ်လုံးလက် ကောက် ပြပေးခဲ့တာ

ဘောင်ချာဖွင့်ပြီး အလျော့တွက်မှာ ၅ ပဲနဲ့ဆိုတော့ သူငယ်ချင်းနှစ်ယောက် နားမလည်တာနဲ့ သေချာ ပြန်မေးတော့ အရောင်းဝန်ထမ်းက ပြောတာ အခု ရွှေစျေး အတတ်အကျ မြန်နေလို့ ဘောင်ချာထဲအလျော့အတွက် ၅ ပဲနဲ့ ဖြတ်ထားပေးတာတဲ့။

ပြန်လာရောင်းတဲ့ခါကျရင် လျော့တွက် ၄ ပဲ ၄ ရွှေး ထပ်ပေါင်းပေးတယ်တဲ့ ကိုယ့်အနေနဲ့ကပြန်ရောင်းချိန် ပြန်ပေါင်းပေးရင်း ပြီးရော ဆိုပြီး ဝယ်ပြီး ပြန်သွားတယ်။

အိမ်ရောက်ပြီး ညမှာ ကိုယ့်အမျိုးသားကိုပြန်ပြောပြလိုက်တော့ ဆိုင်က လုပ်ကွက်နဲ့ မိပြီတဲ့ နက်ဖြန် တခြားအလုပ် နောက်မှထား ရွှေ အရင် ပြန်သွားရောင်းလိုက် ဆိုလို့ 23 ရက်နေ့ မနက်ပိုင်းမှာ သွားရောင်းတော့အလျော့တွက်က ပြန်မပေါင်းပေးဘူးတဲ့။

မနေ့က ပြောတာက မနေ့ကဝယ်ပြီး ချက်ချင်း ပြန်လာရောင်းရင် ပေါင်းပေးတယ်တဲ့။ အဓိပ္ပါယ် မရှိတဲ့ စကားတွေ ပြောလာတာ အခုဝယ် အခုချက်ချင်း လက်ခ အရှုံးခံပြီး ဝယ်ရအောင် လူက အားယားနေတာမှ မဟုတ်တာလို့ ဝန်ထမ်းကို သေချာပြောပြီး မန်နေဂျာနဲ့သေချာ ပြန်ပြောပေးလို့ ပြောတာကိုလည်း ခဏစောင့်ဆိုပြီး ပြန်ထွက်လာတော့လည်း မပေါင်းပေးဘူးတဲ့။

အဲ့ဆို တကွင်းကို ဘယ်လောက်ရှုံးမှာလဲ တွက်ခိုင်းတော့ တကွင်းကို 765000 × 4 = 3060000 သိန်း ၃၀ကျော် ရှူံးမှာတဲ့။ အဲ့လိုနဲ့ စိတ်ဆိုးပြီး မရောင်းဘဲ ပြန်သွားခဲ့တယ်။

ဒီကြားထဲ တခြား ရွှေဆိုင်မှာ သွားရောင်းဖို့ ပြမှ သိခဲ့ရတယ် ပုံမှန် အလျော့တွက်က ၁ ပဲကျော်လေးပဲ ရှိတာ။ ဇွဲထက်က အလျော့အတွက်ကို ၅ ပဲနဲ့ လှည့်ကွက်လုပ်တာ ခံလိုက်ရတယ် စကားကိုလည်း အခုတမျိုး နောက်တမျိုး ပြောနေတာ။

လက်ထဲထားပြီး စိတ်ရှုပ်လို့ ဒီနေ့ ဘယ်လောက်ရရ အရှူံးခံပြီး သွားရောင်းမယ်ဆိုပြီး သွားခဲ့တော့ ရွှေစျေး (၂၅၀၁၅၀၀) အလျော့တွက်ကို ၄ ပဲ ပြန်ပေါင်းပေးမယ်တဲ့ ဆိုပြီး တွက်ခိုင်းလိုက်တော့ 10514000ကျပ် ရမှာ ဆိုတော့ ကျွန်တော်အနေနဲ့ ၂၂ သိန်းကျော် ရှူံးနေသေးတယ် ဆိုတော့

ဘယ်နေရာလွှဲနေတာလဲ ဆိုပြီး ပြန်သေချာကြည်တော့ ရွှေစျေးက (၂၄၄၇၀၅၉) ကနေ (၂၅၀၁၅၀၀) ဆိုရင် ရွှေစျေးမှာကိုက မြတ်ဦးမှာ နစ်နာစရာအကြောင်း မရှိဘူးပေါ့။

တခြား ဘယ်မှာ ထပ်လွှဲနေတာလဲ မေးတော့မှသိတာ ၄ ပဲ ပေါင်းပေးတယ် ဆိုတာ လက်ကောက် ၄ ကွင်းကို တကွင်းမှ ၁ ပဲ ပေါင်းပေးတာ ၄ ကွင်းဆိုတော့ ၄ ပဲတဲ့။

လူတိုင်း သိနေကြတယ်။ အလျော့တွက်ဆိုတာက တခုချင်းဆီရဲ့ အလျော့အတွက် ပြန်ပေါင်းပေးချိန်ကျမှ ပြောတော့ ၄ ပဲ ပေါင်းပေးမယ်ဆိုပြီး နောက်ဆုံး သူတို့က စုစုပေါင်း အလျော့တွက်ရဲ့ ၄ ပဲကိုပဲ ပေါင်းပေးတာ။

ကျွန်နော်အနေနဲ့ နဂို ပေါင်းပေးမယ် ပြောထားတာက ၄ ပဲ ၄ ရွှေးလို့ ပြောတာ ၄ ပဲထားပါဦး ၄ ကွင်းဆိုတော ၁၆ ပဲ ပေါင်းပေးရမှာကို ၄ပဲ ပေါင်းပေးတယ် ဆိုတော့ ၁၂ ပဲ (၂၂သိန်းကျော်) ရှူံးသွားပါတယ်။

ဇွဲထက် ရဲ့ ဒီလိုလှည့်ကွက်နဲ့ ခံရသူ နည်းမှာမဟုတ်ပါဘူး။ အများစုက ဒီအတိုင်း ငြိမ်ခံနေကြတာ ကျွန်တော်အနေနဲ့ဆို သူတို့ အခုတမျိုး နောက်တမျိုး ပြောဆို လုပ်ဆောင်နေတာကို ငြိမ်ခံမနေနိုင်လို့ အခုလို မျှဝေပေးလိုက်တာပါ။

ဇွဲထက် ဆိုင်ကိုလည်း ကျွန်တော် ပြောခဲ့တယ် FB ပေါ် တင်မယ်ဆိုတဲ့ အကြောင်း သူတို့က တင်ပါတဲ့ ရပါတယ်တဲ့။

ဇွဲထက် ဆိုတာက လမ်းဘေးဆိုင် မဟုတ်ပါဘူး။ ရွှေစျေး ကျလို့ ကိုယ်ရှူံးတယ် ဆိုတာနဲ့ ပုံမှန်လက်ခ အလျော့တွက် ဆုံးရှုံးတယ် ဆိုတာက လူတိုင်း လက်ခံနေပါတယ်။ ဒီလို မတရား လုပ်တာကိုတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ် ။

မြင်သူတိုင်းလည်း ဝေဖန် သုံးသပ်ပေးလို့ ရပါတယ်။

Credit … J&C

Leave a Reply

Your email address will not be published. Required fields are marked *