နှစ်သစ်ကူးလက်ဆောင်အဖြစ် ဖခင်ဖြစ်သူ ပေါင်နှံထားတဲ့မြေယာကို ပြန်လည် ရွေးပြီး ဖခင်ကို အံ့အားသင့်စေခဲ့တဲ့ သမီးလိမ္မာလး

Oilkhonsi tiktok အသုံးပြုသူတစ်ဦးမှ မက်ဆေ့ချ်နဲ့
အတူ သမီးဖြစ်သူက နှစ်သစ်မှာ ဖခင်ကို အံ့အားသင့်စေတဲ့ အခိုက်အတန့်ကို ထုတ်ဖော်ပြသခဲ့ပါတယ် ။
ပထမတော့ အဖေက လက်ဆောင်ကို လက်ခံရရှိခဲ့ပြီး အထဲမှာ “မြေယာ ဂရန်’ ဖြစ်မယ်ဆိုတာကို ဖခင်က မထင်ခဲ့ဘဲ သာမာန် လက်ဆောင်တစ်ခုလို့ ထင်ခဲ့မိတာပါ ။
ဒါပေမယ့် အဖေက လက်ဆောင်ထုပ်ကို ဖြည်လိုက်တော့ အံ့ဩသွားတယ်ပြီး ဖခင်က မမျှော်လင့်ထားတဲ့အရာကို ရရှိလို့ မျက်ရည်တွေကျ လာခဲ့ပါတယ် ။
ဒီကလစ်ဟာ အင်တာနက်အသုံးပြုသူတွေ အတော်လေး ငိုကြွေးစေခဲ့တဲ့ ကလစ်တစ်ခုဖြစ်ကြောင်း ပြောပြပါရစေ ။
ဒီ မြေကွက်ဟာ သူမကြီးပြင်းတဲ့ မိသားစုအိမ်နေရာအဖြစ် အလွန်အရေးကြီးကြောင်း သမီးဖြစ်သူက ပြောပြခဲ့ပါတယ် ။ အကြွေးရှင်ကို ငွေမဆက်နိုင်တဲ့အဆုံး မြေကို ပေါင်ထား ကြောင်း သူမ သိလိုက်ရပါတယ် ။
ဒါကြောင့် သမီးဖြစ်သူက မြေကို ပြန်ရွေးဖို့ အကျယ် အဝန်းမှာ ၁ ရိုင်ရှိတဲ့မြေကို ဘတ်ငွေ ၂၅၀,၀၀၀ ဖြင့် ပေးလျော်ခဲ့ပြီး မြေကိုပြန်ရခဲ့ပါ တယ် ။
သူမက ဗီဒီယိုဖိုင်ကို တင်ပြီးနောက် ၎င်းကို ကြည့်ရှု မှုအကြိမ်ရေ 5.7 သန်းကျော်ရှိထားပါတယ် ။
JRose (Mckzone daily)