ပရိသတ် ရှေ့ကို မကြာမှီ ပြန်လည်ရောက် ရှိ လာနိုင်တော့ မည့် သရုပ်ဆောင် မင်း သား ကြီး ဗေလုဝ

ဟာသဉာဏ်ပညာကြီးမားသလို စာပေပညာထွန်းပေါက်တဲ့ စာရေးဆရာ လူရွှင်တော်ဟာသသရုပ်ဆောင်ကတော့ ဗေလုဝ ကိုတော့ ပရိသတ်တွေအားလုံးပဲ မှတ်မိကြအုန်းမှာပါနော်။ဗေလုဝ ဟာ မြန်မာ့ဇာတ်သ

ဘင်လောကမှာလဲ လူရွှင်တော်တစ်ဦးအဖြစ် ပြက်လုံးတွေနဲ့အတူ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့ပါသေးတယ်။ဒါအပြင် မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ နာမည်ကျော် စာရေးဆရာအကြည်တော် ရဲ့ ဝတ္ထုကို ပြန်

လည်အသက်သွင်းထားတဲ့ ဘီလူးဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ ပိုမိုအောင်မြင်လာခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာ

တော့ ဟာသဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ဗေလုဝ ရဲ့သဘာဝကျကျသရုပ်ဆောင်ချက်

တွေကြောင့် ၂၀၁၅ ခုနှစ် အကယ်ဒမီပေးပွဲမှာ”ဤအရာကို အချစ်လို့ခေါ်သလား “ရုပ်ရှင်ဇာတ်ကားကြီးနဲ့
အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ပရိသတ်အားပေးချစ်ခင်ရတဲ့ ဗေလုဝ ဟာ ၂၀၂၀ခုနှစ်လောက်ကတည်းက စကားပြောတဲ့သွေးကြောခဲသွားတာကြောင့် စကားမပြောနိုင်တော့တဲ့အပြင် လူနာမည်တွေပါမမှတ်မိနိုင်တော့တဲ့ ဝေဒနာကိုခံစားနေရတာပါ။

ဒီလိုကျန်းမာရေးအခြေအနေတွေကြောင့် ဗေလုဝ ဟာ ချစ်တဲ့အနုပညာလုပ်ငန်းတွေနဲ့ ပရိသတ်တွေနဲ့အဆက် အသွယ်ပျက်နေတာ ကြာနေပါပြီ။ဟာသရုပ်ဆောင် ဗေလုဝ ဟာ ပရိသတ်ရှေ့ကို အမြန်ဆုံးပြန်လည်ရောက်ရှိပြီး

အနုပညာနဲ့ဖျော်ဖြေဖို့အတွက် အရင်လိုပုံမှန်ပြန်ဖြစ်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။လက်ရှိမှာ ရောဂါအခြေအနေဟာ အတော်လေးသက်သာကောင်း မွန်လာပြီး ဒီထက်ပိုပြီးနေကောင်းကျန်းမာဖို့ကြိုးစား နေတယ်လို့လဲ သိရပါတယ်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဗေလုဝ အမြန်ဆုံးကျန်းမာလာပြီး အနုပညာလှုပ်ရှားမှု့တွေကို အရင်လိုပဲ
ပြန်လည်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါအုန်းနော်။

Leave a Reply

Your email address will not be published. Required fields are marked *