ပြည်သူများသတင်းကောင်း စက်သုံးဆီစျေး ယနေ့တွင် ထပ်မံကျဆင်း တစ်လီတာလျှင်…

စက်သုံးဆီစျေးနှုန်းများ နိုဝင်ဘာ ၁၂ ရက်မှ ၂၈ ရက်အထိ ၁၆ ရက်ဆက်တိုက် တစ်လီတာလျင် ၂၀၀၀ ကျပ်အထက်၌ ရပ်တည်နေခဲ့ရာမှ နိုဝင် ဘာ ၂၉ ရက် (ယနေ့)တွင် တစ်လီတာလျင်ငွေကျပ် ၁၉၀၀ သို့ပြန် လည်ကျဆင်းလာခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း၌ နိုဝင်ဘာ ၂၉ ရက် (ယနေ့)တွင် 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်ကို
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။
ထို့ပြင် မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ပုသိမ်၊ထားဝယ်၊မုံရွာ၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊
လွိုင်ကော်တို့တွင်လည်း စက်သုံးဆီစျေးနှုန်းများကျဆင်းခဲ့ပြီး 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်ကျော်ဖြင့်ရောင်းချလျက်ရှိသည်။
မြစ်ကြီးနား၊စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတို့တွင် 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ကျော်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။
ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်၊
95 Ron တစ်လီတာလျင် ၂၀၀၅ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျင် ၂၂၉၀ ကျပ်သတ်မှတ်ခဲ့သည်။
အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၃၆၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။
ထိုပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၈၀၅ ကျပ်၊
95 Ron တစ်လီတာလျင် ၁၉၀၅ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၁၈၁ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၂၅၅ ကျပ်တို့ဖြစ်သည်။
အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်သည်။