ဖာပွန်မှာ မင်္ဂလာဆောင်က အပြန် ကားမှော က်လို့ကလေးငယ်တွေအပါဝင် လူ ၂၀ ကျော်…

နိုဝင်ဘာ ၂၉

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ မင်္ဂလာဆောင်က အပြန် ကားမှောက်လို့ ၁ ဦးသေဆုံးပြီးကလေးငယ်တွေအပါဝင် လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်က နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ကဖြစ်ပွားခဲ့တာခြင်းဖြစ်ပြီး ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အနီးမှာ မင်္ဂလာဆောင်တစ်ခုမှ ပြန်လာတဲ့

Toyota Hilux ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကလေး၊ လူကြီး (၂၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရလူနာ (၂၄) ဦးအား မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကမမောင်း) မှ

က‌မမောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နောက် ညနေပိုင်းတွင် ကမမောင်းဆေးရုံမှတဆင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ စိုးရိမ်ရ လူနာ (၁၅) ဦးအား လွှဲ‌ပြောင်းပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေး အဖွဲ့(နောင်လုံ)မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကမော့ကစင်)၊

မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖအွံကော့ကျိုက်) အသင်းများပူးပေါင်းကာဘားအံ ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းလာသောထိခိုက်ဒဏ်ရာရလူနာများအား CT ဓာတ်မှန်ရိုက်ခြင်းနှင့် Ultrasound ရိုက်ခြင်းများ ကူညီဆောင်ရွက် ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *