တီဗွီစေတီ တည်ထား ကိုးကွယ်ဖို့ တီဗွီအဟောင်းများ အလှူခံမှု ရှိနေ..(😱ထူးဆန်းလိုက်တာနော်😢)

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုး ကျေးရွာမှာ တီဗွီအဟောင်း အကျွမ်းများကို
အုတ်အစား အသုံးပြုကာ စေတီ တည်ထား ကိုးကွယ်ရန် တီဗွီ အဟောင်းများ အလှူခံလျှက် ရှိနေကြောင်း တီဗွီစေတီ တည်ထားရန် ဆောင်ရွက်နေသူထံက သိရပါတယ်။
” တီဗွီစေတီ တည်ထားချင်တာက ရိုးရာအတိုင်းပါပဲ။ ရည်ရွယ်ချက်တော့ မရှိပါဘူး ။အုတ်အစား တီဗွီ အဟောင်းတွေကို အသုံးပြုလိုက်တာပါ။
တီဗွီ အဟောင်းတွေက တစ်နေရာမှာ အစားထိုး အသုံးပြုဖို့ အသုံးဝင်နေသေးပေမယ့် အမှိုက်ပုံမှာ ဒီအတိုင်း စွန့်ပစ်ပြီး ကြေမွ နေတာတွေကို မြင်ရာကနေ စိတ်ကူးလိုက်ခြင်းပါ။
အခု လောလောဆယ်တော့ ကျွန်တော့အနေနဲ့ ဘာမှ သိပ်မပြင်ဆင်ရသေးတော့ အရမ်းကြီး လူသိ မများစေချင်သေးပါဘူး။ ဖြစ်နိုင်ရင်တော့ သတင်း မလွှင့်စေချင်သေးပါဘူး။
အလှူခံတဲ့ သဘောလောက်ပဲ အလှူခံသေးပါတယ်” လို့ တီဗွီစေတီ တည်ထားဖို့ ဦးစီးဆောင်ရွက်နေတဲ့ ဘကြီးမှုံက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။
Credit … MyanmaPlatform