ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားတဲ့ သမီးဖြစ်သူကို နှစ်ပေါင်း ၅၀ ကျော်မှ ပြန်တွေ့

အမေရိကန်၊ နိုဝင်ဘာ ၃၀

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်က အမျိုးသမီးတစ်ဦးဟာ သူမရဲ့ နှစ်ပေါင်းများစွာကြာ ကွဲသွားတဲ့မိသားစုတွေနဲ့ အနှစ် ၅၀ ကျော်ကြာပြီးမှ DNA စစ်ဆေးမှုကနေမှ တဆင့် ပြန်လည်ဆုံ စည်းခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၃ နှစ်အရွယ် မီလစ်ဆာ ဟိုက်စမစ် ဆိုသူဟာ သူမ အသက် ၂၂ လသား သမီးအရွယ်ဟာ ၁၉၇၁ ခုနှစ်တုန်းက ဖို့ဒ် ဝို့သ်က သူမရဲ့ နေအိမ်ကနေ ကလေး ထိန်းတစ်ဦးက ပြန်ပေးဆွဲခေါ်ဆောင်သွားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

သူမရဲ့ အဲ့ဒီလိုမျိုး မိသားစုတွေနဲ့ နှစ်ပေါင်းများစွာကြာ တကွဲတပြားဖြစ်ရတဲ့ ကံကြမ္မာဟာ မိခင်ဖြစ် သူ အက်တ်လာ အပါ တန်ကိုက ဒေသဆိုင်ရာ သတင်းစာတစ်ခုက ကြော်ငြာကနေတဆင့် ကလေး ထိန်းတစ်ဦးကို ငှားရမ်းခဲ့ချိန်မှ စတင်ခဲ့ပါတယ်။

၁၉၇၁ ခုနှစ် သြဂုတ်လမှာ ကလေးထိန်းကို ငှားရမ်း ခဲ့ပြီး ကလေးပြန်ပေးဆွဲခေါ် ဆောင်သွားတယ်လို့ သံသယရှိတဲ့ ကလေးထိန်းဟာ သူမရဲ့ နေအိမ်မှာ ပြုစုစောင့်ရှောက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

အဲ့ဒီနောက်ကလေးနဲ့ အတူ ကလေးထိန်း အမျိုး သမီးမှာ ပျောက်ဆုံးသွားခဲ့ပြီး ဟိုက်စမစ် မိသားစုတွေ၊ ရဲတွေနဲ့ ဖက်ဒရယ် အာဏာပိုင်တွေက ဆယ်စုနှစ်ပေါင်းများစွာ ကလေးရှာပုံတော်ဖွင့်ခဲ့ကြပါတယ်။

“ ကျွန်မတို့ မီလစ်ဆာကို တွေ့ရှိခဲ့တာက DNA ကြောင့်ပါ။ ရဲတပ်ဖွဲ့ အက်ဖ်ဘီအိုင်ရဲ့ ပါဝင် ပတ်သက်မှုတွေ၊ Podcast ရဲ့ ပါဝင်ပတ်သက်မှု၊ ဒါမှ မဟုတ် ကျွန်မတို့ မိသားစုရဲ့ သီးသန့်စုံစမ်း စစ်ဆေးမှုတွေကြောင့် မဟုတ်ပါဘူး” လို့

မိသားစုက သူတို့ရဲ့ ဖေ့ဘွတ်စာမျက် နှာပေါ်မှာ ရေးသား ခဲ့ပါတယ်။ မစ္စ ဟိုက်စမစ်ဟာ မွေးကင်းစကတည်းက စလို့ နှစ်ပေါင်း ၅၀ ကျော်ကြာပြီးမှ သူမရဲ့ မိဘတွေနဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှာ ပထမဆုံး အကြိမ်တွေ့ဆုံခွင့် ရခဲ့ပါတယ်။

Myanma Platform

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed