ဘာလုပ်လုပ် အဆင်မပြေပဲ ကံနိမ့်နေလျှင်…ကံမြှင့်နည်းများ

(1) မိဘအဝတ်အစား လျှော်ပါ။ (2) မိဘ ကို ပြုစုပါ။
(3) မိဘကို နေ့စဉ် ကန်တော့ပါ။ (4) မိမိအိtcမ် ကို သန့်ရှင်းပါ။ (5) မိမိအိမ် မျက်နှာစာ ကို သန့်ရှင်းပါ။

(6) ဘုရားကျောင်းဆောင် သန့်ရှင်းပါ။ (7) ဘုရားရောင်တော် ဖွင့်ပါ။ (8) ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ် ကပ်ပါ။ (9) ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ။
(10) လမ်းပေါ်ရှိ အမှိုက်သရိုက် ဆူးများ မရှိအောင် လှည်းကျင်းပါ။

(11) စေတီပရဝဏ် တံမြက်လှည်း ကုသိုလ် ယူပါ။(12) ဘုန်းကြီးကျောင်း ကုဋီ သန့်ရှင်းရေး လုပ်ပါ။(13) အများသုံးအိမ်သာ သန့်ရှင်းရေး လုပ် ပါ။(14) မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ။(15) ရေကန် ဆယ်ပါ။

(16) ရေတွင်း ရေကန် ရေ အလှူပြုပါ။(17) လမ်းမှာ အမှတ်တမဲ့ တွေ့ရတဲ့ ဆာလောင်နေသူ လူ/ တိရိစ္ဆာန် ကို ဒါနပြုပါ။(18) ပံ့သကူ ပစ်ပါ။(19) ကုသိုလ်ပြု စာရင်းမှတ်ပြီး ပြန်လည် ပီတိပွားပါ။(20) သစ်ပင် စိုက်ပါ။

(21) အရိပ် လှူပါ။(22) ညောင်ထောက်ပါ။(23) လေလွင့် တိရိစ္ဆာန် များကို ဒါနပြုပါ။(24) အရူးကျွေးပါ။(25) တံတားထိုးပါ၊ လှူပါ။(26) ခေါင်းဆေးမင်္ဂလာ ပြုပါ။

(27) ရဟန်းဒကာ ခံယူပါ။(28) ရေနစ် တိရိစ္ဆာန်လေးများအား ဆယ်ပါ။(29) ကံငါးပါး လုံပါ။(30) စိတ်ကောင်း မွေးပါ။(31) ဝစီ ဒုစရိုက် ရှောင် ပါ။(32) သူတစ်ပါးကျေးဇူး ကို သိတတ်ပါ။

(33) သူတော်ကောင်းတရား (၇) ပါး ကို ကျင့်သုံး ပါ။
အထက်ပါ အလုပ်တွေကို ဘာပဲ လုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့။

သဒ္ဓါ ပီတိလေး ပွားပြီး ပုဗ္ဗ မုဉ်သ အပရ စေတနာ၃တန် ရအောင် လုပ်ပါ။ မုချ ကံမြင့်လာမှာပါ။

Credit

ဓမ္မဒါန အဖြစ် ပြန်လည် မျှဝေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *