မိုးဟေကိုရဲ့ အခက်ခဲဆုံးအချိန်ထိ အနားမှာအတူတူရှိ နေပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ယွန်းရွှေရည်

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် မိုးဟေကိုနဲ့ ယွန်းရွှေ ရည်တို့ကတော့ အနုပညာလောကမှာ ဇာတ်ကားတွေ အတူတူရိုက်ကူးကြရင်း ခင်မင်ရင်းနှီးခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။

ယွန်းရွှေရည်ဟာ ဇာတ်ပို့သရုပ်ဆောင်ဖြစ်ပြီး မိုးဟေ ကိုက မင်းသမီးတစ်ယောက်ဆိုပေမယ့် အချင်းချင်း သူငယ်ချင်းလို ညီအစ်မလို ခင်မင်ရင်းနှီးကြတာပဲ ဖြစ် ပါတယ်။

မိုးဟေကိုကလည်း ယွန်းရွှေရည်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို ဝေမျှပေးတတ်သလို ယွန်းရွှေရည် ကလည်း မိုးဟေကိုရဲ့ အကောင်း အဆိုး မှန်သမျှကို ခံစားပေးတတ်တာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၂၇) ရက်နေ့မှာတော့ မိုးဟေကိုရဲ့ ဖေဖေဟာ အာယုဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

မိုးဟေကိုရဲ့ ခက်ခဲလွန်းတဲ့အချိန်မှာ ယွန်းရွှေရည်က လည်း အနားမှာရှိနေပေးပြီး မိုးဟေကိုရဲ့ ဖေဖေ နောက်ဆုံးထွက်သက်အထိ မိုးဟေကိုရဲ့အနားမှာ အဖော်ပြုပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

မိုးဟေကိုနဲ့ ယွန်းရွှေရည်တို့ကတော့ တစ်ယောက်နဲ့တစ် ယောက် ကောင်းတူဆိုးဖက် အတူတူရှိပေးကြတဲ့ သူငယ်ချင်းကောင်းတွေပဲ ဖြစ်ပါတယ်။

မိုးဟေကိုရဲ့ဖေဖေလည်း ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed