အိမ်နီးချင်းရဲ့ TV ကို အဝေးကနေ တိတ်တခိုး ချောင်းကြည့်နေခဲ့တဲ့ ကောင်လေးတစ်ဦးရဲ့ရင်နင့်ကြေကွဲဖွယ် မြင်ကွင်း

လူတိုင်းဟာ ၎င်းတို့အတွက် ပြင်ဆင်ထားသမျှ အရာ အားလုံးနဲ့အတူ မွေးဖွားလာခဲ့ကြတာ မဟုတ်ပါဘူး။ ဒီမက္က ဆီကန်သားလေးလို လူတစ်ချို့က အဝေးကမရှိတဲ့အရာ တွေကိုပဲ သဘောကျကြရပါတယ်။

ဖေ့စ်ဘုတ်အသုံးပြုသူ Angel Fonseca က မျှဝေပေးခဲ့သည့် ဝမ်းနည်း ကြေကွဲဖွယ်ရာ ဓာတ်ပုံတွေထဲမှာ ကာတွန်းရှိုးတစ်ခုပြသ နေတဲ့ TV ကို တစ်ချက်ကြည့်ဖို့ကြိုးစားရင်း နံရံ နောက်ကွယ်မှာ ကောင်လေးတစ်ယောက် ပုန်းနေတာကို တွေ့နိုင်ပါတယ်။

ဟောင်းနွမ်းနေသည့် အစိမ်းရောင် တီရှပ် နှင့် ညစ်ပတ်တဲ့ ဖိနပ်တစ်ရံကို ဝတ်ဆင်ထားတဲ့ အဆိုပါ ကောင်လေးက သူ့အား ဖေ့စ်ဘွတ်ခ်အသုံးပြုသူက ကြည့် နေတာကို သတိမထားမိပုံအရ သူဟာ ကာတွန်းရှိုးမှာ နစ် မြောနေပုံရပါတယ်။

၎င်း လူပြောများသွားတဲ့ပို့စ်မှာ Angel Fonseca က ” လူတိုင်းဟာ တူညီတဲ့ အခွင့်အရေးတွေနဲ့ မွေးဖွားလာတာတော့ မဟုတ်ပါဘူး။

မင်းရဲ့လက်ရှိကောင်းချီးတွေကို ရေတွက်လိုက်ပါ ” ဟု 〃 caption တပ်ထားခဲ့တာပါ။ အိမ်မှာ TV ရှိခြင်းက ကမ္ဘာတစ်ဝှမ်းရှိ လူအများစုအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ပေမဲ့လည်း ယနေ့ခေတ်မှာ နိမ့်ပါးသောဘဝဖြင့် နေထိုင်ပြီး TV ကို မဝယ်နိုင်တဲ့လူတွေလည်း အများကြီး ရှိနေပါသေးတယ်။ ထို့ပြင် ယနေ့ ကမ္ဘာကြီးမှာ လျှပ်စစ်မီး မရှိဘဲ နေထိုင်နေကြရသူများလည်း ရှိနေပါသေးတယ်။

အ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏အဆိုအရ အိမ် မှာ TV မပြောနဲ့ လျှမရပ်စစ်မီးတောင် သုံးစွဲခွင့်မရှိတဲ့ လူ ပေါင်း ၁,၁ ဘီလီယံခန့် ရှိနေပါတယ်။ မက္ကဆီကိုနိုင်ငံLas Choapas မြို့ရှိ ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်မှာ ရိုက်ကူးထားတဲ့ အခုဓာတ်ပုံများဟာ အင်တာနက်ပေါ်တွင် ထောင်နှင့်ချီသော နှလုံးသားများကို ထိမိသွားစေခဲ့ပြီး မှတ်ချက်ပေါင်း ၁၃,ဝဝဝ ကျော်ကို ဆွဲဆောင်ခဲ့ပါတယ်

မင်းတို့ကို ပြောပြချင်တာက ဒီကောင်လေးက တခြား ကလေးတွေထက် ဘဝအကြောင်းကို ပိုတန်ဖိုးထားတတ် လာလိမ့်မယ်၊ အဲ့တာက ကျွန်တော်တို့ရဲ့အောက်ခြေဘဝကို မမေ့မလျော့စေဘဲ နှိမ့်ချနေချိန်မှာ ရှေ့သို့ဆက်သွားဖို့ ဘုရားသခင်က သွန်သင်ပေးလိုက်တဲ့ ဘဝသင်ခန်းစာတစ် ခုဘဲ ” လို့ တစ်ချိန်က ဒီကောင်လေးလို သနားစရာကောင်း တဲ့ ကလေးဘဝနဲ့ နေထိုင်ခဲ့ရကြောင်း ထုတ်ဖော်ခဲ့တဲ့ အင် တာနက်အသုံးပြုသူတစ်ဦးက ထိုကဲ့သို့ မှတ်ချက်ရေးခဲ့ပါ တယ်။

နောက်ထပ် အခြား အင်တာနက်သုံးစွဲသူတဦးက “ ဒီ ” ဓာတ်ပုံတွေက ကျွန်တော့်ရဲ့ ငယ်ဘဝအမှတ်တရတွေကို ပြန်အမှတ်ရစေတယ်။

ကျွန်တော့်ဘဝက အခုဆို ပိုကောင်းလာပြီ၊ ပိုမိုကောင်းမွန် တဲ့ဘဝကို ရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်၊ ဓာတ်ပုံတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ” ဟု မှတ်ချက်ပေးခဲ့ပါသေးတယ်။ ထို့ပြင် ငယ်ငယ်တုန်းက အလားတူ အတွေ့အကြုံကို ကြုံခဲ့ ကြရတဲ့ အင်တာနက်သုံးစွဲသူအချို့ကလည်း ၎င်းတို့လည်း ၎င်းတို့အိမ်နီးနားချင်းရဲ့ TV ကို အဝေးကနေ ချောင်းကြည့်ခဲ့ကြရကြောင်းလည်း အချင်းချင်း ပြောဆိုခဲ့

ကြပါတယ်။

ဓာတ်ပုံများ ပျံ့နှံ့လာခဲ့ပြီးနောက်မှာ Angel Fonseca ဟာ အာဏာပိုင်များနှင့် ရက်ရောသော အင်တာနက် အသုံးပြုသူများထံမှ အကူအညီလိုအပ်နေတဲ့ Las Choapos မြို့မှ ဒီဆင်းရဲနွမ်းပါးတဲ့ကလေးကိုကူညီပေး ရန် လူတိုင်းအား တိုက်တွန်းနှိုးဆော်ထားခဲ့ပါတယ်။

Mia (Mckzone daily)

Reference goodtimes

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed