ATM စက်နှစ်လုံးသယ်လာတဲ့ကား ဓါးပြတိုက်ခံရ beပြီး ကျပ် သိန်း ၁၇၀၀ကျော်…

နိုဝင်ဘာ ၃၀
မန္တလေးရှိ မြို့သာ-တံတားဦးကားလမ်းမပေါ်မှာ ဝန်ထမ်းများအား လစာပေးရန် ATM စက်နှစ်လုံးသယ်ဆောင်လာတဲ့ကား
ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၃၀ရက်နေ့ နံနက် ၈နာရီခွဲအချိန်ခန့်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊
ကျွဲဇိမ်ကျေးရွာအနီးရှိ မြို့သာ-တံတားဦးကားလမ်းပေါ်မှာ ATM စက်နှစ်လုံးသယ်ဆောင်လာတဲ့ ကားတစ်စီး ဓါးပြတိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အဆိုပါ ATM စက်နှစ်လုံးအတွင်း ငွေကျပ်သိန်း ၁၇၆၀ပါရှိပြီး ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ရှိ De Hues ကုမ္ပဏီဝန်ထမ်းများကို
လစာပေးရန် ရိုးမဘဏ်မှ ဘဏ်ဝန်ထမ်း ဦးကောင်းဆက်သူနဲ့ ဝန်ထမ်းတစ်ဦးက သယ်ဆောင်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ATM စက်သယ်ဆောင်လာသောကားအား ထန်းတပင်ကျေးရွာလမ်းခွဲအရောက် နောက်မှ ဆိုင်ကယ် ၃စီးဖြင့် လိုက်ပါလာသူများက သေနတ်ပြကာ
ရပ်တန့်စေခဲ့ပြီး ATM စက်နှစ်လုံးအပါအဝင် ဖုန်း ၃လုံးနဲ့ ကားတို့ကို လုယူသွားခဲ့တယ်လို့ သိရပါတယ်။
Myanma Platform