(ဒယ်နီအိုးအသုံးပြုသူတွေ သတိထားပါ)ဟင်းချက်တဲ့ ဒယ်နီအိုးဝါယာရှော့ ဖြစ်ရာမှ မီ းလောင်ကျွ မ်းမှုဖြစ်

1.12.2022.ရန်ကုန်
အမှုဖြစ်စဥ်မှာ ၃၀.၁၁.၂၀၂၂ရက်ညနေ၆နာရီ၁၀မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊မြသိရိလမ်း၊
အမှတ် ၅၂၁(က)ရှိ ဒေါ်လှလှဝင်းပိုင်ဆိုင်သော အခန်း(၅)ခန်းရှိ ပျဉ်ထောင် သွပ်မိုးနှစ်ထပ်နေအိမ် အဆောင်၌ မီးလောင်ကျွမ်းလျက်ရှိကြောင်း သတင်းအရ
သောင်ကြီးနယ်မြေရဲစခန်းကနယ်ထိန်းရဲတပ်ကြပ်…..၊ရဲဒတပ်ကြပ်…..၊ရဲတပ်သား……တို့သည်သက်သေများနှင့်အတူသွားရောက်စစ်ဆေးကြည့်ရှုရာ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးရန်နိုင်ဖြိုးပါ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦး တို့မှ
မီးသတ်ယာဉ်(၄)စီးဖြင့် မီးငြိမ်းသက်၏လျက်ရှိကြောင်းနှင့် လှိုင်သာယာ (အနောက်ပိုင်း) နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌဦးစီး(၁၄)ဦး၊
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁) ဦးစီး (၁၆)ဦး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး (၂၃)ဦးတို့ ရောက်ရှိခဲ့ပြီးမီးငြိမ်းသတ်ခဲ့ရာညနေ၆နာရီ၂၀မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်းကျွမ်းရသည့်အကြောင်း ရင်းမှာ ဒေါ်လှလှပင်းပိုင်ဆိုင်သည့် အဆောင်၏ အောက်ထပ်အခန်း (၄)တွင် ငှားရမ်း နေထိုင်သော ဒေါ်သင်းသင်းမြတ် (၂၄)နှစ်၊ မှီခို၊ မ၅၁(က)၊ မြသီရိလမ်း၊
အမှတ်(၂၀)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်နေသူမှ ဟင်းချက်ရန်အတွက် လျှပ်စစ်ဒယ်နီအိုးစတင်အသုံးပြုရာမှ ဝါယာရှော့ဖြစ်ပြီး
၎င်း၏အခန်းမှ စတင်၍လောင်ကျွမ်းခဲ့ရာမှ … ကျောက်ပြားကာ(၂)ထပ်နေအိမ် အဆောင်လိုင်းခန်း(၅)ခန်း လောင်ကျွမ်းခဲ့ကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး (၃၀၀,၀၀၀)ကျပ်ဖြစ်ပြီး
မီးအားပေါ့ဆစွာ အသုံးပြုသူ ဒေါ်သင်းသင်းမြတ်အား ဥပဒေအရ အရေးယူပေးပါရန်တိုင်တန်းခဲ့ရာသောင်ကြီးနယ်မြေရဲစခန်း(ပ)၄၂၉/၂၀၂၂ရာဇသတ်ကြီးပုဒ်မ၂၈၅အရအမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်းသိရသည်။
နွယ်နီလှိုင်(ထန်းတပင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်