နှလုံးထီ ထိုးပြီး ခြံတစ်ကွက်နဲ့ သိန်း ၂၅၀ ပါသွားတဲ့ အပြင် အရင်းရမလား…လိုက်ထိုးရင်း နောက်ထပ် သိန်း၂…

2D ကို ယောင်လို့တောင် မထိုးကြပါနဲ့ ။ အမတစ်ယောက် ရင်လာဖွင့်တယ် ။2D ကြောင့် ခြံတစ်ကွက်အပြင် ၊ သိန်း ၂၅၀ ပါ ကုန်သွားတယ်တဲ့ ။

အရင်းပြန်ရပါစေဆိုပြီး ဆက်ထိုးတာ အကြွေး သိန်း ၂၀၀ ပါ ထပ်တင်သွားတယ်တဲ့ ။ ကောင်းကြသေးရဲ့လားဗျာ ။

ဒါ ကလေး ၂ယောက် အမေနော် ။ လောလောဆယ်တော့ စိတ်ဖိစီးပြီး စားမဝင် အိမ်မပျော် ဖြစ်နေတယ် ။

ကျွန်တော်ကတော့ အကြံပေးလိုက်ပါတယ် ။

လောလောဆယ် အစာစားဝင်အောင် စားပါ ။

အိပ်ရေး ဝဝ အိပ်ပါလို့ ။ပြီးရင် အကြွေးတွေ ဘယ်လို ပြန်ဆပ်မလဲ ကိုယ့်ယောကျာ်းကို ဖွင့်ပြောပြီး တိုင်ပင်ပါလို့ အကြံဘဲ ပေးလိုက်ပါတယ်ဗျာ ။

လောင်း ကစားဆို ဘယ်လောင်းကစားမှ အားမပေးပါဘူး ။

လောင်းကစားဆိုတာ စိတ်နဲ့ဆိုင်တယ် ။ စိတ်နိုင်ဖို့ လိုတယ် ။ လောဘသတ်ဖို့ လိုတယ် ။စိတ်လည်း မခိုင်ဘူး လောဘလည်း အသောမသတ်နိုင်ဘူးဆိုရင် ရှာထားတာတွေ တစ်ချီတည်းနဲ့ ကုန်ပါလိမ့်မည် ။

ကိုယ်တိုင် ခံစားဖူးသူ တစ်ယောက်ပါ ။

Credit Aung Min Han

Leave a Reply

Your email address will not be published. Required fields are marked *