မန္တလေးက ဖုန်းအရောင်းဆိုင် တစ်ဆိုင် အနုကြမ်းစီးခံရပြီး ဖုန်းအလုံး လေးဆ…

မန္တလေးက ဖုန်းအရောင်းဆိုင် တစ်ဆိုင် အနုကြမ်းစီးခံရပြီး ဖုန်းအလုံး ၄၀ ကျော်ပါသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ တောင်ရပ်ကွက်၊ ၇၉လမ်းနှင့်လမ်း ၈၀ ကြား၊ လမ်း ၄၀ ပေါ်ရှိ

PRO 7 Brand New & Mobile Second Shop ဖုန်းဆိုင်ကို အမည်မသိအမျိုးသားလူငယ် ၄ ဦးမှ

သေနတ်ပြပြီး ဖုန်းအလုံး ၄၀ ကျော်ခန့် ကိုအနုကြမ်းစီးကာ လုယက်သွားတာလိုသိရပါတယ်။

PRO 7 Brand New & Mobile Second Shop ဖုန်းဆိုင်က “ကျနော်တို့ PRO 7 Brand New & Mobile Second Shop ဆိုင်ကို ပစ္စတို အတို ဖြင့် အနုကြမ်းစီး သွားပါတယ်။

ဖုန်းအလုံး ၄၀ ကျော် ခန့် အနုကြမ်းစီးခံလိုက်ရပါတယ်” လို့ ပြောကြားထားပါတယ်။

အဆိုပါ ဖုန်းဆိုင်အတွင်း ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက် ဝင်ရောက်လာပြီး ဆိုင်ထဲမှာရှိတဲ့ ဝန်ထမ်းတွေကို သေနတ်နဲ့ချိန်ပြီး

မှောက်ခိုင်းထားကာ မှန်ကောင်တာကို ရိုက်ခွဲပြီး ကောင်တာအတွင်းရှိ ဖုန်းတွေကို ယူဆောင်သွားတာလို့ဆိုပါတယ်။

Myanma Platform

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed