ယနေ့ ၄၅ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲထီပေါက်စဉ်…

ယနေ့ (ဒီဇင်ဘာ ၁ ရက်) တွင်ဖွင့်လှစ်သည့် (၄၅) ကြိမ်မြောက် ကျပ် (၁၀၀၀) တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင်
ကျပ်သိန်း (၅၀၀၀) ဆုကို အေးငြိမ်းချမ်းသာထီဆိုင်မှဆွတ်ခူးရရှိသွားကြောင်းသိရသည်။
အောင်ဘာလေသိန်းဆုဖွင့်ပွဲ ကျပ်သိန်း (၅၀၀၀) ဆုကို အေးငြိမ်းချမ်းသာထီဆိုင်မှ ည၆၁၂၃၃၈ နံပါတ်ဖြင့် ဆွတ်ခူးရရှိသွားခြင်း ဖြစ်သည်။
(၄၅) ကြိမ်မြောက် အောင်ဘာလေထီ ရောင်းရငွေသည် (၃,၉၁၁,၀၀၀,၀၀၀) ကျပ်အထိရှိခဲ့ပြီး
အခွန် (၃၀) ရာခိုင်နှုန်းဖယ်ပြီး ရောင်းချရငွေကို ဆုမဲခွဲဝေပေးမည်ဖြစ်သည်။
ယနေ့ထီဖွင့်ပွဲတွင် အောင်ဘာလေထီဆု၏ အထူးဆုကြီးအနေဖြင့် ကျပ်သိန်း ၅၀၀၀ ၊ ကျပ်သိန်း ၁၀၀၀ ၊ ကျပ်သိန်း ၅၀၀ ၊
ဆုတစ်ဆုခြင်း အနေဖြင့် ကျပ်သိန်း ၁၀၀ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ဝေဝေဆာဆာပဒေသာဆု အနေဖြင့်သုံးသိန်း၊
နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်းဆုနှင့် ဆုမဲအသစ်အနေဖြင့် ကျပ်တစ်သောင်းဆုတို့ကိုချီးမြှင့်ခဲ့သည်။
အောင်ဘာလေထီတွင် အက္ခရာနှင့် ရှေ့ဂဏန်းတစ်လုံးတူယုံဖြင့် ငွေကျပ် တစ်သောင်းဆုချီးမြှင့်သည့်ဆု ထည့်သွင်းပြီးနောက်ပိုင်း
အောင်ဘာလေထီထိုးသူ ယခင်ကထက် ပိုမိုရောင်းချလာရသည်ဟုလည်း သိရသည်။
Source Myanma Platform