ဘယ်ကနေ ဖြစ်လာမှန်းမသိတဲ့ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသည့် မီးခိုးများအကြောင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်မြို့ကြီး၌ မြင်တွေ့နေရသည့် မြူခိုးများသည် လေထုဖိအားနည်းနေခြင်းကြောင့် ဖြစ်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။

” ရန်ကုန်မြို့မှာ လေထုဖိအားနည်းနေတယ်။ အမှန်ဆို နည်းနေတဲ့ နေရာကို လေတွေက ဖိပြီးဝင်လာရမှာပေါ့နော်ပေ နှစ်သောင်းထိကို လေတိုက်နှုန်းက လုံးဝမရှိဘူး ရန်ကုန်မြို့မှာ တိမ်ရဲ့အမြင့်က ပေ ၅၀၀၀ ရဲ့အောက်ကို ကျလာတာ

အဲ့ဒါတွေအမြင့်ပေနဲ့ လေငြိမ်ချိန်မှာ မြေပြင်က ရေခိုးရေငွေ့တွေက အပေါ်ကိုတက်တယ်၊ အဲ့ချိန်မှာ မြေဆီလွှာစိုထိုင်းစကလည်း ၉၃ ရာခိုင်နှုန်းထိ ရှိနေတော့ ရေခိုးရေငွေ့တွေက ပြန်တက်လာပြီးတော့ ဟိုးအပေါ်ထိလဲ မရောက်ဘူးလေကငြိမ်နေတဲ့အတွက် မြူတွေဆိုင်းသလို ဖြစ်သွားတာပေါ့၊

အခု ရန်ကုန်အခြေအနေက တစ်ခြားဘာကြောင့်မှ မဟုတ်ပါဘူး ရာသီဥတု ကြောင့်ပါ” ဟု မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ဆိုသည်။

လက်ရှိ ရန်ကုန်မြို့ပေါ်၌ အနောက်တောင်ဘက်မှ ရွေ့လာသည့် တိမ်တိုက်များ ဖုံးနေပြီး အပူချိန် ၂၇ ဒီဂရီလောက်ကျနေကာ လေထုစိုထိုင်းဆမှာ ၉၀ ရာခိုင်နှုန်းရှိနေပြီး ဘေးပတ်လည် အနောက်၊

အရှေ့နှင့် မြောက်ဘက် တွေမှာ လေဖိအား 1009hpa ရှိနေပြီး မြို့တွင်းမှာတော့ လေဖိအား 1007၊ 1008hpa ထိကျဆင်း နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ရေပြင်ညီ တွင် မြောက်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၂ မိုင်ခန့် ရှိပေမယ့် အမြင့်ပေ ၂၀,၀၀၀ အတိမှာ တော့ လေတိုက်နှုန်းက သုည ဖြစ်နေသဖြင့် မြေဆီလွှာစိုထိုင်းဆ ၉၃ ရာခိုင်နှုန်းအထိ ရှိနေသေးသည့်အတွက်

မြေကြီးထဲက ရေခိုးရေငွေ့များသည် အငွေ့ပျံကာ အပေါ်သို့ တက်လာကြခြင်းကြောင့် ရန်ကုန်မြို့တွင်း တချို့နေရာတွေများ၌ မြူဆိုင်းနေသကဲ့ သို့ ဖြစ်နေကာ လေငြိမ်နေခြင်းဖြစ်ကြောင်း ဦးဝင်းနိုင်က ရှင်းပြခဲ့သည်။

“ရန်ကုန် မြူဆိုင်းတဲ့ အနေအထားက တိမ်တွေဖုံးသွားတာလည်းပါတယ်၊လေငြိမ်သွားတယ်၊ တကယ်တော့ မိုးရာသီ အစလိုဆိုရင် ပူပြီးတော့အိုက်စပ်စပ်ကြီးဖြစ်နေမှာပေါ့ အခုကအဲ့သလိုလဲမဟုတ်ဘူး၊

လေက ကျွန်တော်တို့အီကွေတာလောက်ထိကိုဆင်းသွားပြီ နေနဲ့ဝေးသွားတဲ့ အခါ အအေးဓာတ်လေးကျန်နေတာပေါ့၊ နောက်နေ့ကြတော့လည်း တစ်မျိုးပြောင်းသွားတာပေါ့ ရာသီဥတုပြောင်းလဲတဲ့ အနေအထားတွေက ဆက်ပြီးတော့ဖြစ်နေမယ် နောက်ပြီးတော့ အခုက လာနီညာဖြစ်နေတယ်၊

အဲ့လာနီ၂၀၂၃ ဖေဖော်ဝါရီအထိ ဆက်ဖြစ်မယ် ဆိုတော့စိုစွတ်ပြီး အေးမြတဲ့ရာသီဥတွေ ဖြစ်စေတာပေါ့” ဟု ၎င်း ကဆိုသည်။

မြူဆိုင်းခြင်း နှင့် မြူခိုးများထနေသည့် အခြေအနေသည် ယနေ့ ဒီဇင်ဘာ ၂ ရက်၊ နေ့လည်ပိုင်းမှ စတင်ခဲ့ပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ငြင်းခုံပျံ့နှံနေခြင်း ဖြစ်သော်လည်း ထိုဖြစ်သည် ရာသီဥတုအပြောင်းအလဲကြောင့်သာဖြစ်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ တစ်ဦးက ပြောဆိုခဲ့သည်။

ဂျူဂျူး
ဓာတ်ပုံ-Winnaing၊အင်တာနက်

Leave a Reply

Your email address will not be published. Required fields are marked *