ရန်ကုန်မြို့ပေါ် အခြေအနေဆိုးနေပြီတက္ကစီ သမားကို ဖုတ်ပြီး ကားကို…😱😱😱😱

ရန်ကုန်တိုင်း၊ထောက်ကြန့်မြို့ နယ်တွင် အမျိုး သားနှစ်ဦးကအငှားယာဉ်မောင်တစ်ဦးကိုဓား နဲ့ထိုးသတ်ကာကားလုယူခဲ့မှုဖြစ်ပွားခဲ့တယ်လို့သ တင်းရရှိပါတယ်။

ဒီဇင်ဘာ၁ရက်နေ့ညနေ၄နာရီအချိန်ခန့်ကထော က်ကြန့်အငှားယာဉ်ဂိတ်တွင်အမျိုးသားနှစ်ဦးက ထာက်ကြန့်မှလှော်ကားသို့ကားငှားစီးခဲ့ပြီးနော က်တက္ကစီယာဉ်မောင်းကိုဓားနဲ့ထိုးသတ်ကာကား ကိုလုယူခဲ့တာဖြစ်တယ်လို့သေဆုံးသူ၏မိသားစု ဝင်တစ်ဦးကပြောပါတယ်။

အိမ်မှာနေ့လည်ကထမင်းပြန် လာစားသေးတ ယ်။ညနေ၃နာရီခွဲလောက်မှဂိတ်ကိုပြန်ထွက်သွား တာ။ညနေ၄နာရီလောက်မှာလူနှစ်ယောက်ကား ငှားပြီးဈေးစစ်တယ်။တစ်သောင်းသုံးထောင်နဲ့ တာင်းတာတစ်သောင်းနဲ့ဈေးစစ်သေးတယ်။

ပြီး မှပေးမယ်ဆိုပြီးလှော်ကားဆိုတော့နီးတယ်ဆိုပြီး လိုက်သွားတာ။ညနေမှသူ့အလောင်းကိုကားလ မ်းဘေးမှာတွေ့ တဲ့သူကရဲစခန်းဖုန်းဆက်တော့မှ အိမ်ကလူတွေသိရတာပါ”လို့ သေဆုံး သူ၏မိသား စုဝင်တစ်ဦးကပြောပါတယ်။

သေဆုံးခဲ့သူမှာအသက်၃၃နှစ်အရွယ်ကိုရှိန်းသူ စိုးဖြစ်ပြီးထောက်ကြန့်မြို့နယ်တွင်နေထိုင်သူဖြ စ်ကာမိသားစုပိုင်အငှား

ယာဉ်ကိုမောင်းနှင်နေသူတစ်ဦးဖြစ်ပြီးလူချင်လူခ င်ပေါများသူတစ်ဦးလည်းဖြစ်တယ်လို့ဒေသခံတ စ်ဦးကပြောပါတယ်။

ကိုရှိန်းသူစိုးအလောင်းကိုလှော်ကားကျောက်ခွဲစ က်အကျော်နှစ်ကြိတ်ရှစ်ဆူဘုရားအနီးကားလ မ်းဘေးမှာတွေ့ ရှိခဲ့တာဖြစ်ပြီးလည်ပင်းထိုးသွင်းဒ ဏ်ရာတစ်ချက်နဲ့သေဆုံးခဲ့တာဖြစ်တ ယ်လို့မိသားစုဝင်တစ်ဦးကပြောပါတယ်။

“အချိန်ကအရမ်းမြန်တယ်။သူလေးနာရီကျော် လာက်အော်ဒါပါသွားတယ်။သတင်းကြားတော့ ညနေ၅နာရီခွဲမှာသတင်း ကြားပြီးလိုက်သွားတ ယ်။သူ့လက်ထဲမှာဖုန်းတွေ့တယ်။သူအကူအ ညီတောင်းဖို့ကြိုးစားသေးတာနေမယ်။

လူတိုင်း အပေါ်စေတနာအရမ်းကောင်းတဲ့သူပါ။ရန်လဲမဖြ စ်တတ်ပါဘူး။တရားခံတွေကိုအမြန်ဆုံးဖမ်းမိစေ ချင်ပါတယ်”လို့ သေဆုံးသူ၏ဇနီးဖြစ်သူကပြောပါ တယ်။

အသတ်ခံရသူကိုရှိန်းသူစိုးတွင်၁၀နှစ်အရွယ်သား တစ်ယောက်နဲ့၁နှစ်၁၀လအရွယ်သားငယ်တစ်ဦး ကျန်ခဲ့တယ်လို့မိသားစုဝင်တစ်ဦးကပြောပါတယ်။

“လူ့အသက်တစ်ချောင်းကိုတန်ဖိုးမထားတတ်ကြ တဲ့ဒုစရိုက်သမားတွေကြောင့်လူတွေဒုက္ခ ရော က်တာထက်ပိုဒုက္ခရောက်နေကြတာပါ”လို့ ဆုံးသူ၏ ဇနီးဖြစ်သူကပြောပါတယ်။

အဆိုပါလူသတ်မှုကိုထောက် ကြန့်ရဲစခန်းတွင်အမှုဖွင့်လှစ်ထားပြီးသေဆုံးသူ အလောင်းကိုအင်းစိန်ပြည်သူ့ဆေးရုံမှာထားရှိ ထားတယ်လို့သူကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းနေ့စဉ်လုယက်မှုခါးပိုက်နှို က်မှုအုပ်စုဖွဲ့ လုယက်မှုဓားပြမှုတွေဖြစ်ပွားနေပေ မယ့်ကျူးလွန်တဲ့တရားခံတွေကိုတော့မိအောင်ဖ မ်းဆီးနိုင်မှုတွေနည်းပါးနေပြီးလုံခြုံမှုမရှိတဲ့အတွ က်ပြည်သူတွေအနေဖြင့်များစွာဒုက္ခရောက်ရတ ယ်လို့ဒေသခံတွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *