ဝိုင်းမော်မြို့နယ်၌ နေအိမ်မီးလောင်ပြီး အဘွားအို ၁ ဦးနှင့် ကလေးငယ် ၆ ဦး မီးလောင်သေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက နေအိမ်တအိမ် မီးလောင်ပြီး အဘွားအို တယောက်နဲ့ ကလေးငယ် ၆ ယောက် မီးလောင်သေဆုံးသွားပါတယ်။

နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာဖယောင်း တိုင်မီးကတဆင့် မီးလောင်ကျွမ်းပြီး အသက် ၂ နှစ်နဲ့

အသက် ၁၁ နှစ်အရွယ် အပါအဝင် မောင်နှမ ၆ ယောက်နဲ့ အဘွားအို တယောက်၊ စုစုပေါင်း ၇ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ည ၁၀ နာရီကျော်လောက်က လောင်တာ။ အိမ်အောက်ထပ်မှာ ဖယောင်းတိုင်မီးကနေ စလောင်တာ။

အားလုံးပေါင်း ကလေး ခြောက်ယောက်နဲ့ အဘွားအို တယောက် မီးလောင်တဲ့အထဲ ပါသွားတယ်။ အိမ်အောက်ထပ်မှာ ဖယောင်းတိုင်ကတဆင့် မီးလောင်နေတာကို တွေ့ပြီး သူ့အမေက ရေဆင်းခပ်တာ။

ရေဆင်းခပ်ပြီး ပြန်လာတော့ မီးညွန့်တွေ တွေ့ပြီး သတိလစ်သွားတယ်။ အဲဒီချိန် ကလေးတွေက မီးလောင်နေပြီ။ ကလေးတွေ အဘွားက ကလေးတွေ ဝင်ဆွဲရင်း မီးထဲ ပါသွားတယ်။

အသက်အငယ်ဆုံးက ၂ နှစ်၊ အသက်ကြီးဆုံးက ၁၁ နှစ် မောင်နှမတွေချည်းပဲ။”

မီးလောင်တဲ့ နေအိမ်က သေဆုံးခဲ့တဲ့ ကလေးငယ်တွေရဲ့ ဖခင်ဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်လို့ လယ်တဲသွားနေချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

photo – cj

Leave a Reply

Your email address will not be published. Required fields are marked *