အရက်မူး၍ နေအိမ်မှ ထွက်လာပြီး ရထားလမ်းပေါ် လမ်းလျှောက်နေသူ တစ်ဦး ရထားတိုက္…

ပဲခူးတိုင်း၊ မင်းလှမြို့၌ အရက်မူးနေ၍ နေအိမ်မှ ထွက်လာပြီး ရထားလမ်းပေါ် လမ်းလျှောက်နေသူ တစ်ဦး ရထားတိုက်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁ရက်နေ့ ည ၁၁ နာရီအချိန်က မင်းလှမြို့၊ အမှတ် ၂ ရပ်ကွက်၊ ကံဦးကွက်သစ် ၄ လမ်း၌ နေထိုင်သူ အသက် ၃၄နှစ်အရွယ် အမျိုးသား တစ်ဦးမှာ အရက်သောက်ရာမှ အရက်မူး၍ နေအိမ်မှ ရထားလမ်းပေါ်သို့ လမ်းလျှောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရထားလမ်းပေါ်မှ လမ်းလျှောက်လာစဉ် မင်းလှ-စစ်ကွင်းသွား ရထားလမ်း မိုင်တိုင်အမှတ် (၉၀/၁၂)နှင့် (၉၀/၁၃)ကြား၊ အမှတ် ၂၆၄ တံတားအနီး အရောက်၌ ပြည်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ရထားအမှတ် BT-375 အဆန်ရထားမှ တိုက်မိခဲ့ကြောင်း သိရသည်။

ရထားတိုက်ခံရမှုကြောင့် ဦးခေါင်းပြတ်၊ ခန္ဓာကိုယ်ထက်ပိုင်းပြတ်၊ ဝဲ/ယာ လက်နှစ်ဖက်ပြတ်၊ ယာခြေထောက်ပြတ်ဒဏ်ရာများ ရရှိကာ နေရာမှာတင် သေဆုံးသွားကြောင်း သိရသည်။

” အရက်မူးလို့ အိမ်ကထွက်လာပြီး ရထားလမ်းပေါ် လမ်းလျှောက်လာတာ။ လမ်းလျှောက်လာရင်း ရန်ကုန်-ပြည် ရထားက တိုက်မိပြီး ဦးခေါင်းပြတ်၊ လက်ပြတ် ဒဏ်ရာတွေနဲ့ နေရာမှာဘဲ သေဆုံးသွားပါတယ်”ဟု ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

သေဆုံးသူအလောင်းအား မင်းလှမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်၊ ဖောင်းစိန်ရပ်ကွက်၌ တစ်ဦးတည်း ဘီယာသောက်နေသူတစ်ဦး အမူးလွန်သွားပြီးနောက် အ

နီးရှိ MPT တိုင်ပေါ်တက်သွားကာ ပြန်မဆင်းနိုင်တော့၍ မြေပြင်သို့ရောက်ရှိရန် ဒေသခံများမှ ဝိုင်းဝန်းကူညီပေးခဲ့ရကြောင်း သိရသည်။

🖋️မေ
CJ Platform

Zawgyi version

အရက်မူး၍ နေအိမ်မှ ထွက်လာပြီး ရထားလမ်းပေါ် လမ်းလျှောက်နေသူ တစ်ဦး ရထားတိုက…

Leave a Reply

Your email address will not be published. Required fields are marked *