အောင်ပန်းလမ်းမပေါ်မှာ ကားနဲ့ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ပွ…

မဲခေါင်၊ နိုဝင်ဘာ ၃၀

အောင်ပန်းအဝေးပြေးလမ်းမပေါ်မှာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး

ဆိုင်ကယ်မောင်းလာသူ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အောင်ပန်း-တောင်ကြီးသွားလမ်း အောင်ပန်း ကညနရုံးအနီးမှာ အိမ်စီးကားနဲ့ ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့တာလို့ နာရေးကူညီမှုအသင်း-အောင်ပန်းထံကနေ သိရပါတယ်။

သေဆုံးသူဟာ ကလောမြို့၊ ရပ်ကွက် ၉ မှာ နေထိုင်တဲ့ ဦးကျော်ဆန်းဖြစ်တယ်လို့ နာရေးကူညီမှုအသင်း-အောင်ပန်းထံကနေ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း-အောင်ပန်းက အောင်ပန်းဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို ယာဥ◌်တိုက်မှုဖြစ်တာနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

တောင်ကြီး-အောင်ပန်း-ကလော အမြန်လမ်းမပေါ်မှာ အခုလို ယာဥ◌်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

MeKongNews

Leave a Reply

Your email address will not be published. Required fields are marked *