မော်တော်ဆိုင်ကယ်များအား သံဃာများနှင့် သီလရှင်များ ကိုယ်တိုင်မောင်းနှင်ခြင်း မပြုရန်…

ပြည်၊ ဒီဇင်ဘာ ၃
ပဲခူးတိုင်း၊ ပြည်မြို့၌ မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များအား သံဃာများနှင့် သီလရှင်များ ကိုယ်တိုင်မောင်းနှင်ခြင်း မပြုရန် မြို့နယ်သံဃာ့နာယက အဖွဲ့မှ စာထုတ်ပြန်၍ တားမြစ်ထားကြောင်း သိရသည်။
သက်ဆိုင်ရာအဖွဲ့များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရဟန်းသံဃာ၊ သာမဏေ၊ သီလရှင်များ အနေဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အစရှိသည့် စက်တပ်ယာဉ်များကို
ကိုယ်တိုင်မောင်းနှင်ခြင်း လုံးဝမပြုရန်နှင့် လိုင်စင်မဲ့မော်တော်ယာဉ်များအား အသုံးပြုမပြုဖို့ စစ်ဆေးပေးရန် အကြောင်းကြားမှုအရ တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်မြို့ရှိ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်းတစ်လျှောက်နှင့် လမ်းရှည်လမ်းတစ်လျှောက်တို့တွင် ယာဉ်ဖမ်းဆီးခြင်းများ လုပ်ဆောင်သွားမည်ဖြစ်၍
သံဃာများ၊ သီလရှင်များ ယာဉ်ကို ကိုယ်တိုင်မမောင်းနှင်ရန်နှင့် လိုင်စင်မဲ့ယာဉ်များအား အသုံးမပြုရန် တားမြစ်ခြင်းဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပခုက္ကူမြို့၌ ဒေသခံများအနေဖြင့် ညနေ ၆ နာရီနောက်ပိုင်းမှ နောက်တစ်နေ့ မနက်အထိ ဆိုင်ကယ်စီးနင်းခွင့် မပြုကြောင်း ဒေသန္တရအမိန့်အား ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ သုံးခွ၊ တွံ့တေး၊ ဒလ အပါအဝင် မြို့နယ်အချို့၌ ဆိုင်ကယ်စီးနင်းခွင့်အား ကန့်သတ်မှုများစွာဖြင့် ခွင့်ပြုပေးထားကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ-အင်တာနက်
Source ယနေ့ခေတ်