မိတ္တူဆိုင်တွင် ဓါတ်ပုံလာကူးသူက ဆိုင်အတွင်းရှိ ပစ္စည်းများအား

ဒီဇင်ဘာ ၄

မိတ္တူဆိုင်တွင် ဓါတ်ပုံလာကူးသူက ဆိုင်အတွင်းရှိ ပစ္စည်းများအား ရိုက်နှက်ဖျက်စီး၍ ဆိုင်ကောင်တာမှ ပိုက်ဆံများအား ယူဆောင်ပြီး

ထွက်ပြေးတိမ်းရှောင်သွားသည့်ဖြစ်စဥ်တစ်ခု မိတ္ထီလာမြို့ မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဥ်ဟာ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းအချိန်က မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ကံဦးနယ်မြေထိပ်ရှိ ကွန်ပျူတာစာစီစာရိုက်နှင့် မိတ္တူကူး သည့်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဥ်မှာ ဓာတ်ပုံလာကူးသူ(အမည်မသိသူ)တစ်ဦးက ဆိုင်ရှင်တောင်းခံသည့် ကျသင့်ငွေ ၃၀၀၀ ကျော်ကိုငွေမလောက်လို့ မပေးဘူးလို့ပြောပြီး ဓါတ်ပုံကူးခိုင်းရာမှ ဆိုင်ရှင်ကအလုပ်မအားသေးဘူးဟု ပြန်လည်ပြောဆိုခဲ့သဖြင့်

ဓါတ်ပုံလာကူးသူက အသင့်ပါလာတဲ့ ဓါးဖြင့် ဆိုင်ရှင်အားခြိမ်းခြောက်ကာ ဆိုင်အတွင်းရှိပစ္စည်းများအားဖျက်ဆီ၍ ဆိုင်ရှေ့ရှိဆိုင်ကယ်ကိုပါ မီးရှို့၍ ဆိုင်ကောင်တာရှိငွေအချို့ကိုယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းများအရ သိရပါတယ်။

ထို့နောက် ဓါတ်ပုံလာကူးသူက ဆိုင်ရှင်ကို ဓါးနဲ့လိုက်ခုတ်သဖြင့် ဆိုင်ရှင်မှာထွက်ပြေးခဲ့ရပြီး ၎င်းက ဆိုင်အပြင်ရှိ ဆိုင်ကယ်အား ဓားဖြင့်ခုတ်ပြီး

မီးရှို့ရန်လုပ်ဆောင်နေသည့်အချိန်တွင် ပတ်ဝန်းကျင်မှလူများကတောင်းပန်သည့်အတွက် ဆိုင်ကယ်မှာ ဒစ်စဝိုင်းကဒ်သာ မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒီဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးရှိတယ်လို့ ကြားတယ်။ ရရှိဒဏ်ရာက စိုးရိမ်စရာတော့သိပ်မရှိဘူးပေါ့။

သူ့ဘာသူဆေးရုံသွားတယ်လို့လည်း ပြောပါတယ်။ ရန်ငြိုးရှိတာလား တမင်ပဲလုပ်သွားလားဆိုတာကလည်း သေချာတော့မသိရပါဘူး။

အဲ့လိုပဲ ကြားမိပါတယ်”လို့ မိတ္ထီလာမြို့ဒေသခံတစ်ဦးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *