အသိအမှတ်ပြုကိုင်ခိုင်းသူကလွဲလို့မည်သူမျှလူ့အသ က် သေစေနိုင်သောလက်နက်ကိုင်ခွင့်မရှိ…အရေး…

အမှုဖြစ်စဥ်မှာ ၂.၁၂.၂၀၂၂ရက်ည၁၀နါရီ၂၀မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းမှရဲအုပ်…..၊ရဲတပ်ကြပ်….၊ရဲဒုတပ်ကြပ်….၊ရဲတပ်သားနှင့်

သက်သေများပါဝင်သောအဖွဲ့သည်နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဥ်လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊အမှတ်(၅)ရပ်ကွက်၊စစ်တောင်းလမ်းမပေါ်တွင်အရှေ့မှအနောက်သို့

မသက်ာဘွယ်ရာလမ်းလျောက်လာသူစိုးမင်းပိုင်(ခ)နှာကြီး(၁၉)နှစ်၊နဝရတ်လမ်း၊အမှတ်(၅)ရပ်ကွက်နေသူကိုတွေ့ရှိရသဖြင့်ခေါ်ယူစစ်ဆေးခဲ့ရာစိုးမင်းပိုင်လွယ်ထားသည့်

Supremeအမှတ်တံဆိပ်ပါမီးခိုးရောင်ဘေးလွယ်အိတ်အတွင်းမှအနီရောင်တိတ်ပါတ်ထားသည့်ကော်ဓားအိမ်စွပ်ထားသည့်အနီရောင်တိတ်ပါတ်ထားသောကော်လက်ကိုင်ရိုးတပ်အရိုး(၃)လက္မခွဲခန့်၊

အသွား(၆)လက္မခန့်၊အရိုးအသွား၉လက္မခွဲခန့်ဓားဦးချွန်သံဓားတစ်ချောင်းအားရှာဖွေတွေ့ခဲ့ကြောင်းသိရသည်။

ရဲအုပ်…နှင့်တပ်ဖွဲ့ဝင်များကသက်သေလူကြီးများရှေ့မှောက်တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာလူ့အသက်သေစေနိုင်သောဓားကိုကိုင်ဆောင်သူစိုးမင်းပိုင်ကိုဥပဒေအရအရေးယူပေးပါရန်

တရားလိုပြုလုပ်တိုင်တန်းခဲ့ရာလှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်း(ပ)၉၅၇/၂၀၂၂လက်နက်ဥပဒပုဒ်မ၁၉.ငအရအမှုဖွင့်ကာဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နွယ်နီလှိုင်(ထန်းတပင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed